Home
သတင်းဓာတ်ပုံ
မြိုင်မြို့နယ်တွင် သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင်ပြီး ချီတက်ဆန္ဒပြ (ဓာတ်ပုံ) 
DVB
·
June 27, 2024
Photo Crd-မြိုင် ပကဖ
Photo Crd-မြိုင် ပကဖ
Photo Crd-မြိုင် ပကဖ
Photo Crd-မြိုင် ပကဖ
Photo Crd-မြိုင် ပကဖ
Photo Crd-မြိုင် ပကဖ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ရဟန်းသံဃာတော်တွေဟာ ဇွန် ၂၇ ရက် ဒီကနေ့မနက် ၈ နာရီဝန်းကျင်က စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ လမ်းပေါ်မှာ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ ရဟန်းတပါးက “စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေ​ဟာ ဘယ်လိုနည်းနဲ့မှ လက်ခံနိုင်စရာအကြောင်း မရှိဘူးလေ။ ဦးပဥ္စင်းတို့အနေနဲ့လည်း ကိုယ်တတ်နိုင်တဲ့ဘက်ကနေ စစ်တပ်ကို ဓမ္မနည်းနဲ့ ဆန့်ကျင်ကြတာပါ။ အမှန်တရားကို လိုလားတဲ့ သံဃာတော်တွေ အနေနဲ့လည်း ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်ပွဲမှာ ပါဝင်ပေးကြပါ” လို့ DVB ကို​ မိန့်ကြားပါတယ်။

စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ရာမှာ ရဟန်းတော် ၂ ပါးက ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသရဲ့ ဓာတ်ပုံကိုင်ဆောင်ပြီး ကျန်တဲ့ ရဟန်းသံဃာတော်တွေက “ဓမ္မန္တရာယ်စကစ ရဟန်းရှင်လူတို့ တိုက်ဖျက်ကြ” စာတန်းနဲ့ သာသနာအလံတွေကို ကိုင်ဆောင်ကာ သံဃာတော် ၁၀၀ ကျော်နဲ့ ဒေသခံပြည်သူတွေ စုပေါင်းချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို့ သိရပါတယ်။

နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်ဟောင်း ဆရာတော်တပါးဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော်ကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဝံသဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရ သံဃာ့အစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှု​ကြောင့် ဇွန် ၁၉ ရက်မှာ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။

မြိုင်-ပကဖ တာဝန်ခံတဦးက “အခုဆန္ဒထုတ်ဖော်ပွဲမှာ သံဃာတော်တွေအပြင် ပြည်သူတွေပါ ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။ ဆန္ဒထုတ်ဖော်ပွဲမှာ ကျနော်တို့ မြိုင်-ပကဖ က ရဲဘော်တွေက လုံခြုံရေးတာဝန်ယူပေးခဲ့ပါတယ်” လို့ ပြောပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ဆရာတော်ကြီး ပျံတော်မူသွားရတဲ့အတွက် ချောင်းဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီးနဲ့ စစ်ကိုင်းက ရဟန်းသံဃာတော်တွေကလည်း ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်နေကြပြီး စီတန်းလှည့်လည် ဆန္ဒပြတာကတော့ မြိုင်မြို့နယ်က ပထမဦးဆုံးဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013