Home
မြန်မာသတင်း
တောင်ငူတွင် တက္ကသိုလ်ကျောင်းသား ၁ ဦး မြစ်ထဲခုန်ချ သတ်သေ
DVB
·
June 27, 2024
Photo Crd-ရွှေမင်းဝံ လူမှုကူညီရေးအသင်း

ပဲခူးတိုင်း၊ တောင်ငူမြို့အရှေ့ဘက်အထွက် စစ်တောင်းတံတားပေါ်ကနေ တက္ကသိုလ်ကျောင်းသားတဦး ဇွန် ၂၆ ရက်၊ ညနေပိုင်းက စစ်တောင်းမြစ်ထဲကို ခုန်ချပြီး အဆုံးစီရင်ခဲ့ကြောင်း တောင်ငူအခြေစိုက် လူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

တောင်ငူမြို့၊ ကေတုမတီမြို့သစ်မှာ နေထိုင်တဲ့ တောင်ငူကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ် ကျောင်းသားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းထက်အောင်ဟာ မနေ့ ညနေ ၄ နာရီ ၁၅ မိနစ်က စစ်တောင်းမြစ်ထဲခုန်ချပြီး အဆုံးစီရင်ခဲ့တာလို့ ကူညီရှာဖွေပေးနေတဲ့ ရွှေမင်းဝံ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကာယကံရှင်မိသားစုက ဖုန်းဆက်အကူအညီတောင်းလို့ ကျနော်တို့ ကူညီရှာဖွေကယ်ဆယ်ရေး လုပ်ခဲ့ကြတာပါ။ ဒီမနက်အထိ မတွေ့သေးပါဘူး။ မြစ်ရေကလည်း ရေစီးသန်နေတော့ ပွဲပေးပြီး ရှာနေပါတယ်။”

တောင်ငူစစ်တောင်းတံတားပေါ်ကနေ အဆုံးစီရင်ဖို့ ခုန်ချခဲ့တဲ့ ကိုရှိုင်းထက်အောင်က မြစ်ထဲမခုန်ချမီ သူ့ရဲ့ facebook My Day မှာ “လေလွင့်ချင်ရာ လွင့်ပြီးတဲ့နောက် ဒီတခါတော့ မျောပါတော့မယ်။ အားလုံးပဲ တာ့တာပါခင်ဗျာ” လို့ ရေးသားသွားခဲ့​ပါတယ်။

အခုဖြစ်စဥ်နဲ့ပတ်သက်ပြီး ရှိုင်းထက်အောင် အနေနဲ့ မိသားစုပြဿနာရှိကြောင်းနဲ့ အွန်လိုင်းဂိမ်းအေးဂျင့် ပြုလုပ်သူဖြစ်ကြောင်း ဒေသခံတွေအကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေကြောင်း သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်၊ ဇွန် ၂၈ ရက်ကလည်း စစ်ကိုင်း (အင်းဝ) တံတားပေါ်က အသက် ၂၁ နှစ်အရွယ် ဘူမိဗေဒ (စတုတ္ထနှစ်) ကျောင်းသားတဦး မြစ်ထဲခုန်ချကြံစည်မှု ဖြစ်ပွားခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024