ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့၊ ငြိမ်းချမ်းရေးကုန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁၇ ဦး လက်နက်ချခဲ့တယ်လို့ TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ သတင်းထုတ်ပြန်ပါတယ်။
ကျောက်မဲအခြေစိုက် စကခ ၁ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး တအာင်းတပ်မတော် -PSLF/TNLA ထံ ဇွန် ၂၆ ရက် ညနေ ၄ နာရီမှာ လက်နက်ချခဲ့သလို စစ်တပ်ရဲ့ Jammer ကို TNLA နဲ့ ပူးပေါင်းအဖွဲ့ က သိမ်းဆည်းရရှိခဲ့တယ်လို့ TNLA နဲ့ ရှေ့တန်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
Jammer သိမ်းရတဲ့ ဗွီဒီယိုဖိုင်မှာတော့ "ဒီလောက်များတဲ့ဟာ(ကျည်)တွေ သုံးတောင် မသုံး ရသေးဘူးပဲ" လို့ ရှေ့တန်း ရဲဘော်တွေက ပြောဆိုကြပါတယ်။
တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်ကျဆုံးမှုရှိတယ်လို့ ရှေ့တန်းနဲ့ နီးစပ်သူ သတင်းရင်းမြစ် တဦးက ပြောပေမဲ့ နှစ်ဘက်လုံးက ထုတ်ပြန်တာ မရှိပါဘူး။
ကျောက်မဲမှာတော့ စကခ ၁ နဲ့ လက်အောက်ခံ တပ်ရင်း နှစ်ရင်းနဲ့ အမြောက်တပ် တတပ်ရှိပြီး ကျောက်မဲ ခမရ ၅၀၁ ကိုတော့ ဇွန် ၂၅ ရက် တိုက်ပွဲ ပထမရက်ကတည်းက ပိတ်ဆို့ ၀န်းရံ ထားတာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်၊ ကျောက်မဲမြို့အပါအဝင် သီပေါ၊ နောင်ချိုမြို့တွေကို ဇွန် ၂၅ ရက်ကစလို့ TNLA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။