မူးယစ်ကုန်သွယ်မှုကို လာဘ်စားပြီး ကူညီခဲ့တဲ့ ဟွန်ဒူးရပ်စ်သမ္မတဟောင်းကို ထောင်ဒဏ် ၄၅ နှစ် ချမှတ်ခဲ့ပါတယ်။
အသက် ၅၅ နှစ်အရွယ်ရှိ ဟာနန်ဒက်ဇ်ဟာ သင်္ဘောနဲ့ အမေရိကန်ကို ကိုကင်း သယ်ဆောင်မှုမှာ ဒေါ်လာ သန်းနဲ့ချီပြီး လာဘ်စားခဲ့တဲ့အမှုကို မတ်လက မန်ဟတ်တန်တရားရုံးမှာ စစ်ဆေးခဲ့ပြီး အပြစ်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဟာနန်ဒက်ဇ်ကတော့ မှားယွင်းတဲ့ စွဲချက်ဖြစ်ပြီး အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ဟွန်ဒူးရပ်စ်ပြည်သူတွေက ပျော်ရွှင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အစိုးရရှေ့နေတွေက ဟာနန်ဒက်ဇ်ကို ထောင်တသက်တကျွန်းကျခံဖို့ အဆိုတင်သွင်းခဲ့ပြီး ဒါဟာ ရာဇဝတ်မှုတွေကို လာဘ်ယူပြီး ကာကွယ်ပေးနေတဲ့ အာဏာပိုင်တွေအတွက် သတိပေးမှုတခု ဖြစ်လာပါတယ်။
ဟာနန်ဒက်ဇ်ဟာ မူးယစ်မှောင်ခိုအဖွဲ့တွေဆီကရတဲ့ လာဘ်ငွေကို ၂၀၁၃ နဲ့ ၂၀၁၇ သမ္မတရွေးကောက်ပွဲတွေမှာ အသုံးပြုခဲ့တယ်လို့ ရှေ့နေတွေက ဆိုပါတယ်။
ဖမ်းခံထားရတဲ့ မူးယစ်မှောင်ခိုအဖွဲ့တွေက ဟာနန်ဒက်ဇ်ကို လာဘ်ထိုးခဲ့တယ်လို့ သက်သေထွက်ဆိုထားပါတယ်။
အမူရင်ဆိုင်တုန်းက ဟာနန်ဒက်ဇ်ရဲ့ မူးယစ်ဆန့်ကျင်ရေး ပေါ်လစီတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ မူးယစ်မှောင်ခိုအဖွဲ့တွေက လိမ်လည် သက်သေခံတယ်လို့ သူ့ရဲ့ ရှေ့နေက ချေပခဲ့ဖူးပါတယ်။
ဟာနန်ဒက်ဇ်ရဲ့ ညီဖြစ်သူကလည်း မူးယစ်ဆေးအမှုနဲ့ ၂၀၂၁ ခုနှစ်က အမေရိကန်မှာ ထောင်ဒဏ်တသက်တကျွန်း ကျခံနေရပါတယ်။
Source-Reuters