သီရိလင်္ကာသမ္မတ ရာနေးလ်ဝစ်ကရာမန်ဆင်းဂ်ဟာ ဒေါ်လာ ၁၀ ဘီလီယံလောက်ရှိတဲ့ ၂ နိုင်ငံ ကြွေးမြီတွေ ပြန်လည်ဖွဲ့စည်းခြင်းအတွက် တရုတ်နဲ့ တခြားမြီရှင်နိုင်ငံတွေနဲ့ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးပြီးကြောင်း ကြေညာခဲ့ပြီးနောက် ဇွန် ၂၆ ရက်မှာ သီရိလင်္ကာသမ္မတကို ထောက်ခံသူတွေက ဝမ်းသာဂုဏ်ပြုခဲ့ကြပါတယ်။
လက်မှတ်ရေးထိုးပြီးနောက် သမ္မတ ဝစ်ကရာမန်ဆင်းဂ်က နိုင်ငံအတွက် မိန့်ခွန်းပြောကြားခဲ့ရာမှာ ဒီသဘောတူညီချက်တွေကို ဇူလိုင် ၂ ရက်မှာ လွှတ်တော်ကို တင်ပြမှာဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီသဘောတူညီချက်တွေနဲ့အတူ ၂၀၂၈ ခုနှစ်အထိ ၂ နိုင်ငံချေးငွေ အရစ်ကျပေးဆပ်မှု အားလုံးကို ဆိုင်းငံ့ထားနိုင်မှာဖြစ်ပြီး အဲဒါအပြင် ချေးငွေအားလုံးကို သက်သာခွင့်စည်းကမ်းနဲ့ ပြန်ပေးဆပ်နိုင်မှာဖြစ်ပြီးတော့ ပြန်ဆပ်ရမယ့်ကာလကိုလည်း ၂၀၄၃ ခုနှစ်အထိ သက်တမ်းတိုးပေးမှာ ဖြစ်ကြောင်းလည်း သမ္မတ ဝစ်ကရာမန်ဆင်းဂ်က ပြောပါတယ်။
၂၀၂၃ ခုနှစ်မှာ ပြည်တွင်းကြွေးမြီတွေ ပြန်လည်ဖွဲ့စည်းခြင်းကို အောင်မြင်စွာ ပြီးမြောက်ခဲ့ပြီးတော့ အခုလည်း နိုင်ငံခြားတိုင်းပြည်တွေနဲ့ ၂ နိုင်ငံကြွေးမြီ ပြန်လည်ဖွဲ့စည်းခြင်းကိုလည်း အောင်မြင်စွာ နိဂုံးချုပ်နိုင်ခဲ့ပါပြီလို့လည်း ဆိုပါတယ်။
နောက်ထပ်ရည်မှန်းချက်ကလည်း နိုင်ငံတော်အစိုးရက ထုတ်ပေးတဲ့ ကြွေးမြီလုံခြုံရေး ဆိုင်ရာ နိုင်ငံတကာစာချုပ် (ISB) ကို ကိုင်ဆောင်ထားသူတွေ ပါဝင်တဲ့ စီးပွားရေးမြီရှင်တွေနဲ့ သဘောတူညီချက်တခု ရရှိဖို့ဖြစ်တယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။
အခုလက်ရှိလမ်းကြောင်းကို ဆက်လုပ်ခြင်းအားဖြင့် ဒီသဘောတူညီချက်ကို အောင်မြင်နိုင်မယ်လို့ ယုံကြည်ပြီး ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်လို့လည်း ဆိုပါတယ်။
သီရိလင်္ကာနိုင်ငံရဲ့ အရန်ငွေတွေဟာ အနိမ့်ဆုံးအဆင့်ကို ရောက်ခဲ့ပြီး သူ့ရဲ့ ပထမဆုံးအကြိမ် နိုင်ငံရပ်ခြားကြွေးမြီတွေကို ပြန်ဆပ်ဖို့ ပျက်ကွက်ခဲ့ပြီးနောက်မှာ အခုကြေညာချက်ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက စတင်ခဲ့တဲ့ ကြွေးမြီပြန်လည်ဖွဲ့စည်းမှု လုပ်ငန်းစဉ်ကို အပြီးသတ်ဖို့ ပိုနီးကပ်လာတာ ဖြစ်ပါတယ်။
ဒီသဘောတူညီချက်တွေဟာ သီရိလင်္ကာနိုင်ငံရဲ့ ဘဏ္ဍာရေးအကျပ်အတည်းကို အဆုံးသတ်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့အတူ ရှေ့ကိုဆက်သွားနိုင်မှာ ဖြစ်ပါတယ်။
Source-Reuters