ပါကစ္စတန်နိုင်ငံတောင်ပိုင်းမှာ အပူချိန်မြင့်မားမှုကြောင့် ၆ ရက်အတွင်း လူ ၅၀၀ ကျော် သေဆုံးခဲ့ပါတယ်။
မြင့်မားတဲ့ အပူချိန်ကြောင့် တနေ့ကို လူ ၃၀ ကနေ ၄၀ အထိ သေဆုံးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့ တရက်တည်း လူ ၁၄၁ ဦး သေဆုံးခဲ့တာပါ။ ကရာချိမြို့ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိတာကြောင့် သေဆုံးသူဦးရေ များပြားလာတာလည်း ဖြစ်ပါတယ်။
ကရာချိဒေသတွင်း ဆေးရုံက တနင်္ဂနွေကနေ ဗုဒ္ဓဟူးနေ့အတွင်း Heatstoke ကြောင့် ၂၆၇ ဦး ကုသမှုခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပြင်းထန်တဲ့ အပူချိန်ကြောင့် အော့အန်ခြင်း၊ ဝမ်းလျှောခြင်းနဲ့ အဖျားကြီးခြင်း စတဲ့ လက္ခဏာတွေ ပြသပါတယ်။
ဒေသခံတွေက ဒီလိုအပူချိန်မျိုး အရင်တုန်းက မကြုံဘူးကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။
ကရာချိမှာ ပုံမှန်မီးဖြတ်လေ့ရှိတာကလည်း အပူဒဏ်ကို ရင်ဆိုင်နေရတဲ့ ဒေသခံတွေအတွက် အဲကွန်း၊ ပန်ကာတွေဖွင့်ဖို့ အခက်တွေ့စေပါတယ်။
ပြီးခဲ့တဲ့လက ဆင့်နယ်မြေမှာ အပူချိန်က ၅၂ စင်တီဂရိတ်အထိ ရှိခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။ ပါကစ္စတန်လိုပဲ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယ နယ်စပ်တလျှောက်နဲ့ ဒေလီမြို့မှာပါ အပူလှိုင်းဖြတ်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
Source-Reuters