ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူ၊ ကာကွယ်ရေးဒုဝန်ကြီးနဲ့ စစ်ဦးစီးအရာရှိချုပ် ဗလာရီ ဂျေရာစီမော့ဗ် တို့ကို အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်တာ အဓိပ္ပာယ်မရှိဘူးလို့ ယူဆကြောင်း ရုရှားသမ္မတနန်းတော် ကရင်မလင်က ဇွန် ၂၆ ရက်မှာ တုံ့ပြန် ပြောလိုက်ပါတယ်။
ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ICC တရားရုံးက ရုရှားကာကွယ်ရေးဝန်ကြီးဟောင်း ရွှိုင်ဂူနဲ့ ရုရှားထိပ်တန်းဗိုလ်ချုပ်ကြီး ဂျေရာစီမော့ဗ် တို့ကို ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ ရွှိုင်ဂူဟာ လက်ရှိ ရုရှားလုံခြုံရေးကောင်စီရဲ့ အတွင်းရေးမှူး ဖြစ်ပါတယ်။
“ဒီတရားရုံးရဲ့ စီရင်ပိုင်ခွင့်ကို ကျနော်တို့ အသိအမှတ်မပြုပါဘူး” လို့ ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ကျနော်တို့က အဖွဲ့ဝင်တွေ မဟုတ်ကြဘူး။ ဒါကြောင့် ဒီအမိန့်တွေကို အသိအမှတ်မပြုပါဘူး။ ဒါ့အပြင် နိုင်ငံတော်အကြီးအကဲနဲ့ ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးရေး အရာရှိတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး ဖမ်းဝရမ်း ၂ ခုက အဓိပ္ပာယ်မဲ့တယ်လို့ ကျနော်တို့ ယူဆပါတယ်” လို့လည်း ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။
Source-Reuters