Home
အားကစား
အင်္ဂလန်ကွင်းလယ်ကစားသမား ဖိုဒမ်မိသားစုကိစ္စဖြင့် လေ့ကျင့်ရေးစခန်းမှ အိမ်ပြန်
DVB
·
June 27, 2024
Photo - REUTERS/Wolfgang Rattay/File Photo

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ အင်္ဂလန်ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒမ်ဟာ မိသားစုအရေးကိစ္စနဲ့ ဂျာမနီလေ့ကျင့်ရေးစခန်းကနေ အင်္ဂလန်ကို ပြန်သွားခဲ့တယ်လို့ အက်ဖ်အေက သတင်းထုတ်ပြန်ပါတယ်။

ဆလိုဗေးနီးယားနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်အပြီး နောက်တရက်မှာပဲ ဖိုဒမ်ဟာ လေ့ကျင့်ရေးစခန်းကနေ ထွက်ခွာပြီး အင်္ဂလန်ဆီ ပြန်လာခဲ့တာပါ။

အက်ဖ်အေဘက်က မိသားစုအရေးကိစ္စလို့ ထုတ်ပြန်ခဲ့ပေမဲ့ ဖိုဒမ်ဟာ သူ့ရဲ့ တတိယ မြောက်ကလေးမွေးဖွားခဲ့တာဖြစ်လို့ အိမ်ပြန်သွားခဲ့တာလို့ သိရပါတယ်။

ဖိုဒမ်နဲ့ အတူနေချစ်သူ ရေဗက္ကာတို့ဟာ သားသမီး ၂ ဦးရရှိထားပြီးတတိမြောက်ကလေးကို ယူရိုပြိုင်ပွဲကာလအတွင်းမှာ မွေးဖွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီလအတွင်းက ပြောခဲ့ဖူးပါတယ်။

ဖိုဒမ်အနေနဲ့ လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်အမီ အင်္ဂလန်အသင်းနဲ့ ပြန်လည်ပူးပေါင်းသွားမယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013