Home
နိုင်ငံတကာ
ရုရှားကာကွယ်ရေးဝန်ကြီးဟောင်းနှင့် စစ်ဦးစီးချုပ်တို့ကို ICC ဖမ်းဝရမ်းထုတ်
DVB
·
June 26, 2024
Photo - Reuters/Sputnik/Aleksey Nikolskyi/Kremlin

ရုရှားကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ စစ်ဦးစီးချုပ်တို့ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲမှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ICC တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။

၂၀၂၂ အောက်တိုဘာလနဲ့ ၂၀၂၃ မတ်လအတွင်း ရွှိုင်ဂူနဲ့ ဂီရာဆီမော့တို့ ၂ ဦးဟာ ပြည်သူတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ စွဲချက်တင်ခဲ့ပြီး ဒီရာဇဝတ်မှုတွေကို သူတို့နှစ်ဦး တာဝန်ယူရမှာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တိုက်ခိုက်ခဲ့မှုတွေက မြေပြင် အခြေအနေမှန်တွေဖြစ်လို့ ဒီနှစ်ယောက်က ရာဇဝတ်မှုအတွက် တာဝန်ယူရမှာပါလို့ ICC ရဲ့ စွဲချက်ထဲမှာ ဖော်ပြပါတယ်။

ယူကရိန်းသမ္မတ ဇလန်းစကီးက ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားရဲ့ ရာဇဝတ်မှုတွေကို ထင်ရှားအောင် ပြုလုပ်ပေးတာလို့ ပြောဆိုထားပြီး ရာဇဝတ်ကောင်တွေကို အရေးယူနိုင်ဖို့လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။

ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂူဟာ ရုရှားသမ္မတ ပူတင်နဲ့ ကာလရှည် လက်တွဲခဲ့သူဖြစ်ကာ ပြီးခဲ့တဲ့လက ဝန်ကြီးရာထူးက ဖယ်ရှားခံခဲ့ရသူ ဖြစ်ပါတယ်။

ပူတင်ကိုလည်း ICC က ၂၀၂၃ မတ်လက ဖမ်းဝရမ်းထုတ်ခဲ့ဖူးပါတယ်။ ICC ဟာ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူတွေကို ရုရှားလို အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ နိုင်ငံတွေမှာ ဖမ်းဆီးဖို့တော့ မစွမ်းဆောင်နိုင်သေးပါဘူး။

ဒါပေမဲ့ ပူတင်ဟာ ဝရမ်းထုတ်ပြီးကတည်းက ICC အဖွဲ့ဝင်နိုင်ငံတွေကို သွားရောက်လည်ပတ်ခြင်း မပြုလုပ်တာ တွေ့ရပါတယ်။

​ယူကရိန်းနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ ၂၀၁၃ ခုနှစ်ကစပြီး အကြမ်းဖက်မှုတွေကို ICC က လက်ခံ တရားစီရင်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။​

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013