Home
မြန်မာသတင်း
ဆားလင်းကြီးသံဃာများ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်
DVB
·
June 26, 2024

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်း လွတ်မြောက်နယ်မြေတနေရာမှာ ဇွန် ၂၅ ရက်၊ မနက်ပိုင်းက သံဃာတော်တွေက အာဏာသိမ်း စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ် မှောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ပတ္တနိက္ကုဇ္ဇနကံဆောင်တဲ့ ဆရာတော်တပါးက  “အခုလို ပတ္တနိက္ကုဇ္ဇန သပိတ်မှောက် ကံဆောင်တာဟာ ၃ ကြိမ် တိတိရှိပါတယ်။ ဗိုလ်ချုပ်ကြီး စောမောင်လက်ထက်က တကြိမ်၊ ၂၀၀၇ ရွှေ၀ါရောင်မဖြစ်ခင်က တကြိမ်၊ အခုတကြိမ်ကတော့ ဝင်းနိမ္မိတာရုံဆရာတော်ကြီးကို စစ်တပ်က ပစ်သတ်တဲ့အပေါ် လုံးဝ ခွင့်လွှတ်နိုင်စရာ အကြောင်း မရှိလို့ ကံဆောင် သပိတ် မှောက်တာ" လို့ မိန့် ပါတယ်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်းဆရာတော်တပါးဖြစ်တဲ့ ဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ မန္တလေးမှာကျင်းပမယ့် ရွှေကျင်နိကာရသံဃအစည်းအဝေးတက်ဖို့ သွားရောက်စဥ် စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှု​ကြောင့် ဇွန် ၁၉ ရက်မှာ ပျံလွန်တော်မူ ခဲ့ဖြစ်ပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံ သပျံလွန်တော်မူသွားခဲ့တာကြောင့် ဇွန် ၂၃ နဲ့ ၂၄ ရက်ကလည်း  ချောင်းဦးနဲ့ ဒီပဲယင်းမြို့နယ်တွေက သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ ပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒီနေ့အထိ NUG၊ PDF အဖွဲ့တွေရဲ့ သတ်ဖြတ်တိုက်ခိုက်မှုတွေကြောင့် ရဟန်း သံဃာ အပါး ၁၄၀ နဲ့ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့တယ်လို့ ဇွန် ၂၂ ရက်မှာ ပြောကြားထားပါတယ်။ 

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် နိုင်ငံနဲ့တဝန်း သံဃာတော် ၅၀ နီးပါး ပျံလွန်တော်မူခဲ့တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024