ယူကရိန်းကိုထောက်ပံ့ဖို့ ထိန်းသိမ်းထားတဲ့ ရုရှားရဲ့ ဘဏ္ဍာရေး ရန်ပုံငွေတွေကနေ ရလာတဲ့ အမြတ်အစွန်းတွေကို သုံးစွဲမရအောင် ပိတ်ဆို့ထားတာကို ဘယ်လို ရှောင်လို့ရမလဲဆိုတဲ့ အဆိုပြုချက်တရပ်ကို ရှေ့တိုးဆောင်ရွက်မယ်လို့ ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဇက်ဘော်ရယ်က ဇွန် ၂၄ ရက်မှာ ပြောပါတယ်။
“ဘယ်လိုပိတ်ဆို့ပုံကိုမဆို ရှောင်ဖို့ ကျနော်တို့မှာ တရားဝင်နည်းလမ်း ရှိပါတယ်” လို့ ဘော်ရယ်လ်က လူဇင်ဘတ်နိုင်ငံမှာကျင်းပမယ့် EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ပြောပါတယ်။
အရှေ့အလယ်ပိုင်းက စစ်ပွဲက ကျယ်ပြန့်လာမယ့်ဘေးတွေ ရှိနေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဂါဇာစစ်ပွဲ ဖြစ်စေခဲ့တဲ့ ဟားမတ်စ်တွေရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး မကြာခင်မှာပဲ အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ ဟဇ်ဘိုလာတွေက အစ္စရေးကို တိုက်ခိုက်ခဲ့တာပါ။
EU နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မတိုင်ခင်မှာ ရုရှားရဲ့ ကြားခံကတဆင့် တိုက်ခိုက်မှုတွေကို အရေးယူဖို့ EUက ခြေလှမ်းတွေ လှမ်းထားရလိမ့်မယ်လို့ လစ်သူရေးနီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ပဋိပက္ခတွေက လက်ဘနွန်နိုင်ငံဆီ ကူးစက်ကျယ်ပြန့်လာတာကို အရှေ့အလယ်ပိုင်းဒေသဟာ မြင်ရခါနီးပြီလို့လည်း ဂျိုးဇက်ဘော်ရယ်က ဇွန် ၂၄ ရက်မှာ ပြောလိုက်ပါတယ်။
EU အဖွဲ့ဝင် ဆိုက်ပရပ်စ်နိုင်ငံကို အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟဇ်ဘိုလာတွေက ခြိမ်းခြောက်အပြီး ရက်ပိုင်းအကြာမှာ ခုလို ပြောလိုက်တာပါ။
စစ်မြေပြင်ကျယ်လာမယ့် အကြိုညကို ရောက်နေပြီလို့ ဘော်ရယ်က လူဇင်ဘက်နိုင်ငံမှာ ကျင်းပမယ့် EU နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မတိုင်ခင်မှာ ပြောပါတယ်။
ဂါဇာစစ်ပွဲ ဖြစ်စေခဲ့တဲ့ ဟားမက်စ်တွေရဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအပြီး မကြာခင်မှာပဲ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ဟဇ်ဘိုလာတွေက အစ္စရေးကို တိုက်ခိုက်နေပြီး ဂါဇာမှာ အပစ်အခတ် မရပ်မချင်း သူတို့က ရပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဇွန်လအစောပိုင်းမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှု အတွင်း ဟဇ်ဘိုလာတွေရဲ့ စစ်ဦးစီးမှူး တဦးသေဆုံးခဲ့အပြီး ဟဇ်ဘိုလာတွေဟာ အစ္စရေးမြို့တွေ စစ်စခန်းတွေကို ခုချိန်ထိ အများဆုံး အနေနဲ့ ဒုံးကျည်တွေ ဒရုန်းတွေနဲ့ ပစ်မှတ်ထားခဲ့ပါတယ်။
အစ္စရေးနဲ့ ဟဇ်ဘိုလာတို့ကြား အင်အားပြည့် စစ်ပွဲ ဖြစ်ခဲ့ရင် အစ္စရေးနိုင်ငံအတွင်း ဘယ်နေရာမှ ဘေးကင်းမှာ မဟုတ်ဘူးလို့ ဟဇ်ဘိုလာအကြီးအကဲ ဆေးယဒ် ဟတ်ဆန်နက်စ်ရာလာ က အရင်အပတ်က ပြောပါတယ်။
EU အဖွဲ့ဝင် ဆိုက်ပရပ်စ်နိုင်ငံကိုလည်း ပထမဆုံးအကြိမ် ခြိမ်းခြောက်ခဲ့ပြီး မြေထဲပင်လယ်ရဲ့ တခြားအစိတ်အပိုင်းတွေကိုလည်း ခြိမ်းခြောက်ခဲ့ပါတယ်။
EU ရဲ့ အချုပ်အခြာပိုင် နိုင်ငံတနိုင်ငံကို ခြိမ်းခြောက်တာကို လုံးဝလက်မခံနိုင်ဘူးလို့ ဂရိ နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။
အကြမ်းဖက်အဖွဲ့အစည်းတွေဆီကလာတဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုပုံစံအားလုံးကို ကျနော်တို့အတူ ရင်ဆိုင်ပြီး ဆိုက်ပရပ်စ်နဲ့အတူ ရပ်တည်သွားမယ်လို့ သူက ဆက်ပြောပါတယ်။
ဂျာမန်နိုင်ငံခြားရေး ဝန်ကြီးကလည်း အစ္စရေးနဲ့ ဟဇ်ဘိုလာကြား အခြေအနေက အလွန် စိုးရိမ်စရာ ဖြစ်နေပြီး လက်ဘနွန်ကို မကြာခင် သွားမယ်လို့ ပြောပါတယ်။
အခြေအနေက နောက်ထပ် တိုးလာခဲ့ရင် ဒေသတွင်း ပြည်သူတွေအတွက် ကပ်ဆိုးကြီး ဆိုက်သွားလိမ့်မယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source-Reuters