Home
နိုင်ငံတကာ
အီရန် နျူးကလီးယားသန့်စင်မှု တိုးမြင့်လာသည့်အပေါ် သတိပေး
DVB
·
June 25, 2024
Photo - REUTERS/IRNA/Mohammad Babaie/Files

ကုလသမဂ္ဂသံတမန်တွေဟာ အီရန်ရဲ့ နျူးကလီးယား တိုးမြင့်လာမှုကို သတိပေးထားတဲ့  ကြေညာချက်တစောင်ကို ဇွန် ၂၄ ရက်က ကုလသမဂ္ဂမှာ ဖတ်ကြားသွားပါတယ်။

ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၂၃၁  ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလမှာ သက်တမ်းမကုန်ဆုံးခင် အီရန်ဟာ ပူးတွဲ ဘက်စုံလုပ်ဆောင်မှု အစီအစဉ် (JCPoA) နဲ့အညီ လိုက်နာဖို့ အရေးတကြီး လိုအပ်ကြောင်းလည်း အလေးပေး ပြောကြားခဲ့ပါတယ်။

JCPoA ကန့်သတ်ချက်တွေထက် အများကြီး ကျော်လွန်နေတဲ့ ယူရေနီယံသန့်စင်ရေး အပါအဝင် အီရန်ရဲ့ နျူးကလီယားလုပ်ငန်းတွေ သိသိသာသာ တိုးမြင့်လာမှုကို ထောက်ပြထားတဲ့ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့ အစီရင်ခံစာအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း သံတမန်တွေက ဖော်ပြခဲ့ကြပါတယ်။

IAEA ညွှန်ကြားရေးမှူးချုပ်က အီရန်ရဲ့ သန့်စင်ပြီး ယူရေနီယံသိုလှောင်မှု စုစုပေါင်းဟာ JCPoA ကန့်သတ်ချက်ထက် အဆ ၃၀ ကျော်နေပြီလို့ အစီရင်ခံထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး နီကိုလက်စ် ဒီရီးဗြယ်က ပြောပါတယ်။

အီရန်ဟာ နျူးကလီးယားလက်နက် အစီအစဉ်မရှိတဲ့ နိုင်ငံအတွက် သူ့ရဲ့ သန့်စင်ပြီး ယူရေနီယံ သိုလှောင်မှုကို မကြုံစဖူးအဆင့်အထိ တိုးလာနေတယ်လို့လည်း ဆိုပါတယ်။

သူတို့ဟာ အီရန်ကို ဒီလုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့၊ IAEA နဲ့ ပူးပေါင်းဆောင်ရွက်ပြီး နျူးကလီးယား အကျပ်အတည်းကို သံတမန်ရေးရာ ပြေလည်မှုရရှိစေရေးအတွက် သူ့ရဲ့ ကတိကဝတ်တွေကို လေးစားလိုက်နာပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အခုဆိုရင် အီရန်ဟာ ယူရေနီယမ်သန့်စင်မှုကို ၆၀ ရာခိုင်နှုန်းအထိ ဖြည့်စွမ်းပေးနေပြီး ၉၀ ရာခိုင်နှုန်းနီးပါး သန့်စင်တဲ့အဆင့်အထိ ဖြည့်တင်းပေးသွားနိုင်ပြီဆိုရင် နျူးကလီးယားလက်နက် ၃ မျိုးတွဲအတွက် လုံလုံလောက်လောက် ပစ္စည်းရှိသွားမှာ ဖြစ်ကြောင်း IAEA ရဲ့ စံနှုန်းအရ သိရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013