Home
မြန်မာသတင်း
တော်လှန်ရေးထောက်ပံ့ကူညီရန် တက္ကဆက်၊ မြို့ ၃ မြို့ရောက် မြန်မာများ ပူးပေါင်းပါဝင်သည့် ကွန်ရက်ဖွဲ့စည်း
DVB
·
June 24, 2024

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရှင်သန်ရေးနဲ့ တော်လှန်ရေးအထောက်အကူပြု လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ်ထဲက ဟူစတန်၊ အော်စတင်နဲ့ ဒဲလ်လတ်စ်မြို့ရောက်မြန်မာတွေ ပူးပေါင်းပါဝင်တဲ့ Texas Alliance for Myanmar (TA4M) ကွန်ရက်ကို ဒေသစံတော်ချိန် ဇွန် ၂၃ ရက်မှာ ဖွဲ့စည်းလိုက်ပါတယ်။

ပြည်တွင်းရေးမှာ ပြည်ပရောက်မြန်မာတွေက ဝိုင်းဝန်းပံ့ပိုးကြဖို့ ဒေါက်တာမီမီဝင်းဘတ်ရဲ့ ဇွန်လ ၂၁ မှ ၂၃ ရက်အထိ တက္ကဆက်ပြည်နယ် မြို့ ၃ မြို့ စည်းရုံးရေးခရီးစဉ်မှာ ဒီကွန်ရက်ကို ဖွဲ့စည်းနိုင်ခဲ့တာပါ။

ခရီးစဉ်အတွင်းမှာ တက္ကဆက်ရောက်မြန်မာတွေ သိချင်တဲ့ ပြည်တွင်းစစ်ရေး၊ နိုင်ငံရေး အခြေအနေတွေကို ဒေါက်တာမီမီဝင်းဘတ်က ရှင်းလင်းဖြေကြားခဲ့ပြီး အမေရိကန်ရောက် မြန်မာတွေအချင်းချင်း တပြည်နယ်နဲ့ တပြည်နယ် ချိတ်ဆက်ပူးပေါင်းခြင်းအားဖြင့် ပိုကောင်းတဲ့ အထောက်အကူပြု ရလဒ်တွေ ရနိုင်တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013