Home
နိုင်ငံတကာ
EU စည်းကြပ်ခွန်က တရုတ်ကို ဒဏ်ခတ်မှုမဟုတ်ဟု ဂျာမန်ဒုအဓိပတိပြော
DVB
·
June 24, 2024
Photo - REUTERS/Maria Martinez

ဥရောပသမဂ္ဂက (EU)က  အဆိုပြုထားတဲ့ တရုတ်ကုန်စည်တွေအပေါ် စည်းကြပ်ခွန်ဟာ ဒဏ်ခတ်တာ မဟုတ်ဘူးလို့ ဂျာမနီ ဒုတိယအဓိပတိနဲ့ စီးပွားရေးဝန်ကြီး ရောဘတ်ဟာဘက်ခ်က ဇွန် ၂၂ ရက်က တရုတ်မြို့တော် ပေကျင်းမှာ တရုတ်အရာရှိတွေကို ပြောလိုက်ပါတယ်။

EU က အဆိုပြုထားတဲ့ စည်းကြပ်ခွန်တွေဟာ တရုတ်နိုင်ငံနဲ့ ကစားမယ့် စီးပွားရေး အခင်းအကျင်းကို အဆင့်သတ်မှတ်ဖို့ ရည်ရွယ်ထားတာသာ ဖြစ်တယ်လို့ တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဥက္ကဋ္ဌ ကျန်းရှန်းကျဲ့နဲ့ တွေ့ချိန်မှာ ဟာဘက်ခ်က ပြောပါတယ်။

ကျန်းကလည်း တရုတ်ကုမ္ပဏီတွေကို အကာအကွယ်ပေးဖို့ အားလုံးကို လုပ်ဆောင်သွားမယ်လို့ ဟာဘက်ခ်ကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဂျာမနီနိုင်ငံရဲ့ ဒုတိယအဓိပတိ ရောဘတ်ဟာဘက်ခ်ဟာ ဂျာမန်ကုန်သည်ကြီးများ အသင်းရဲ့ မဟာတရုတ်ဌာနခွဲ တည်ထောင်ခြင်း နှစ် ၃၀ ပြည့် နှစ်ပတ်လည်နေ့ပွဲစဉ်ကို တရုတ်နိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ရှန်ဟိုင်းမှာတက်ရောက်ခဲ့ပါတယ်။

ဟာဘက်ခ်ဟာ တရုတ်နိုင်ငံဆီ ၃ ရက်ကြာ တရားဝင် အလည်အပတ် ခရီးစဉ်ကို ဇွန် ၂၁ ရက်မှာ စတင်ခဲ့တာပါ။

တရားလွန် အမတော်ကြေးထုတ်ပေးထားတယ်လို့ ဥရောပသမဂ္ဂ (EU) က သဘောထားတဲ့ တရုတ်လုပ်လျှပ်စစ်ကားတွေကို တိုက်ဖျက်ရေးအတွင်း တရုတ်ကနေ တင်သွင်းလာတဲ့ လျှပ်စစ်ကားတွေအပေါ် အကောက်ခွန်ကောက်ဖို့ (EU) က အဆိုပြုပြီးတဲ့နောက် ပထမဆုံး အနေနဲ့ အကြီးတန်း ဥရောပအရာရှိတယောက် တရုတ်နိုင်ငံဆီ သွားရောက်လည်ပတ်တာ ဖြစ်ပါတယ်။

လျှပ်စစ်ကားတွေနဲ့ ပတ်သက်လို့ EU နဲ့ သဘောထားကွဲလွဲမှု ပြင်းထန်လာရင် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်သွားနိုင်တယ်လို့ ဟာဘက်ခ်ရဲ့ ခရီးစဉ်မတိုင်ခင် သောကြာနေ့မှာ တရုတ်က သတိပေးခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013