စစ်ခေါင်းဆောင်က ၂၀၂၅ ခုနှစ်မှာလုပ်မယ်လို့ ထပ်ပြောလာတဲ့ ရွေးကောက်ပွဲဆိုတာ မြေပြင်စစ်ရေး အခြေအနေတွေအရ သူတို့ရဲ့ ထွက်ပေါက်ပဲဖြစ်ပြီး လွတ်လပ်၊ တရားမျှတစရာ အကြောင်းမရှိဘူးလို့ အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် မြန်မာလူထုနဲ့တွေ့ဆုံပွဲမှာ ဒေါက်တာမီမီဝင်းဘတ်က ပြောပါတယ်။
ဒေါက်တာမီမီဝင်းဘတ်ဟာ တက္ကဆက်ပြည်နယ်ထဲက Houston၊ Austin နဲ့ Dallas မြို့က မြန်မာနိုင်ငံသားတွေနဲ့ ဇွန် ၂၁ နဲ့ ၂၂ နဲ့ ၂၃ ရက်နေ့မှာ တွေ့ဆုံပြီး မြန်မာ့အရေးကို ပိုမို တက်ကြွစွာပါဝင်ကြဖို့ စည်းရုံးလှုံ့ဆော်နေတာပါ။
စစ်အာဏာရှင်အမြစ်ဖြတ်တွန်းလှန်တဲ့ တိုက်ပွဲရဲ့ အဆုံးသတ်အောင်မြင်မှုဟာ ပြည်သူတွေရဲ့ လက်ထဲမှာပဲရှိနေပြီး စစ်အာဏာရှင်တွန်လှန်းရေးတိုက်ပွဲ အဆုံးသတ်နိုင်ဖို့အတွက် ပြည်တွင်းပြည်ပ ဒီမိုကရေစီအရေး လိုလားသူတွေအားလုံး အခုထက်ပိုပြီး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။
နွေဦးတော်လှန်ရေးအတွက် အမေရိကန်ရောက်မြန်မာတွေက ပြည်နယ်အလိုက် ရန်ပုံငွေရှာဖွေတာ၊ ထောက်ပို့တာတွေ ပြုလုပ်နေတာထက် ပိုကောင်းတဲ့ စည်းလုံးမှုရအောင် ပြည်နယ်တခုနဲ့တခု ပူးပေါင်း ဆောင်ရွက်ကြဖို့လည်း ဟောပြောပွဲတွေမှာ ဒေါက်တာမီမီဝင်းဘတ်က တိုက်တွန်းလေ့ရှိပါတယ်။
သတင်း၊ ဓာတ်ပုံ - မဝေ