အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် တရားဝင်မဟုတ်တဲ့ နျူးကလီးယားလက်နက် ဆွေးနွေးပွဲကို မတ်လက ပြုလုပ်ခဲ့ပါတယ်။
ဒီအစည်းဝေးမှာ တရုတ်ကိုယ်စားလှယ်က ထိုင်ဝမ်ကို နျူးကလီးယားလက်နက်တွေနဲ့ ခြိမ်းခြောက်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အဲဒီအစည်းဝေးပွဲကို ရှန်ဟိုင်းဟိုတယ်ခန်းမမှာ ၂ ရက်တာ ကျင်းပခဲ့တာဖြစ်ပြီး အမေရိကန်က အမှုထမ်းဟောင်းတွေနဲ့ စကော်လာရထားသူ ကိုယ်စားလှယ် ၆ ဦး ပါဝင်ခဲ့ပါတယ်။
တရုတ်ကလည်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ စကော်လာရထားသူတွေနဲ့ နိုင်ငံရေးလေ့လာသူတွေ ပါဝင်ပါတယ်။
အမေရိကန်နဲ့ တရုတ်တို့ဟာ နိုဝင်ဘာလက နျူလက်နက်တွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှု ပြုလုပ်ခဲ့ဖူးပြီး တရုတ်ကိုယ်စားလှယ်တွေရဲ့ စိတ်ပျက်ဖွယ် အပြုအမှုတွေကြောင့် ဆွေးနွေးမှုကို ရပ်ဆိုင်းခဲ့တယ်လို့ အမေရိကန်ကိုယ်စားလှယ်တွေက ထုတ်ပြောခဲ့ဖူးပါတယ်။
ဒီစည်းဝေးပွဲကတော့ နျူလက်နက်အစည်းအဝေးကို ဆက်လက်ဆွေးနွေးခဲ့တာဖြစ်ပြီး အမေရိကန်က တရုတ်ဟာ ၂၀၂၁ နဲ့ ၂၀၂၃ အတွင်း နျူလက်နက် ၂၀ ရာခိုင်နှုန်း တိုးမြှင့်ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
ထိုင်ဝမ်နိုင်ငံအရေးနဲ့ ပတ်သက်ပြီးလည်း တရုတ်က နျူလက်နက်တွေ အသုံးပြုလာနိုင်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်နဲ့ပတ်သက်ပြီး လွန်ခဲ့တဲ့ ၄ နှစ်အတွင်း နျူလက်နက်တွေသုံးမယ်လို့ ကြေညာတာမျိုးတော့ မရှိသေးပါဘူး။
Source-Reuters