Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ လူမှုကွန်ရက်ပေါ် ဆုတောင်းစာရေးသည့် ဓနုဖြူဒေသခံ ၅ ဦး ဖမ်းဆီးခံရ
DVB
·
June 21, 2024
Photo Crd-တော်ဝင် (file photo)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ ဆုတောင်းစာ လူမှုကွန်ရက် ပေါ်တင်မိတဲ့ ဧရာ၀တီတိုင်း၊ ဓနုဖြူမြို့နယ်က အမျိုးသမီး ၅ ဦး ဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန် ၁၉ ရက်နေ့ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ လူမှုကွန်ရက်ပေါ် ဆုတောင်းစာရပေးသူ ဒေသခံ ၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဇွန် ၁၉ ရက် ညနေပိုင်းမှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“မသူဇာဆိုတဲ့ အမျိုးသမီး ၁ ယောက်အပါအဝင် ၅ ယောက် အဖမ်းခံရတာ။ ကျေးရွာဘက်က ၂ ယောက်နဲ့ ရပ်ကွက်ထဲက ၃ ယောက် အဖမ်းခံရတာ။ ကျန်တဲ့သူတွေ ရဲ့ နာမည်တွေတော့ မသိသေးဘူး” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။

အဲ့ဒီ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်ကျော်အရွယ် ၂ ဦးနဲ့ အသက် ၃၀ ကျော်အရွယ် ၃ တို့ဖြစ်ပြီး ဓနုဖြူမြို့ ရဲစခန်းမှာ ချုပ်နှောင်စစ်ဆေးနေတယ်လို့ သိရပါတယ်။

“ဖုန်းထဲက အချက်အလတ်တွေကို စစ်ကောင်စီတပ်က စစ်ဆေးပြီး ဖမ်းခဲ့တာတဲ့။ အခုအထိတော့ ရဲစခန်းမှာပဲ ထားပြီးစစ်ဆေးနေတယ်လို့ပဲ သိရတယ်။ အမှုဖွင့်ထားတာလည်း မရှိသေးဘူးလို့ ကြားမိတယ်။ စစ်ဆေးဖို့ရှိလို့ဆိုပြီး ဖမ်းတာပဲ။ ဒီနေ့အထိ ပြန်မလွတ်လာသေးဘူး” လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူတယောက်က ပြောပါတယ်။

ဧရာဝတီတိုင်း၊ သာပေါင်း၊ မအူပင်၊ ကျိုက်လတ်နဲ့ ပုသိမ်မြို့တို့မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့် မွေးနေ့မှာ နှင်းဆီပန်းပန်တာကြောင့်ဆိုပြီး ကျောင်းဆရာမ ၁ ယောက်အပါအဝင် ၄ ဦးထက်မနည်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013