မနေ့ညက ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲ အုပ်စုပွဲစဉ်မှာ အီတလီကို အနိုင်ရခဲ့တဲ့ စပိန်အသင်းဟာ ၁၆ သင်းအဆင့်ကို တက်ရောက်သွားပါတယ်။
ပွဲချိန်အတွင်းမှာ စပိန်အသင်းက ပိုမိုဖိအားပေး ကစားနိုင်ခဲ့ပြီး အပိုင်အခွင့်အရေးတွေ အပါအဝင် ဂိုးကန်သွင်းခွင့် အကြိမ် ၂၀ အထိ ရရှိခဲ့တာပါ။
အီတလီအသင်းက ဂိုးပေါက်ကန်သွင်းချက် ၄ ကြိမ်သာ ရရှိခဲ့ပြီး ဂိုးပေါက်တည့်မှု တကြိမ်ပဲ ရှိခဲ့ပါတယ်။
စပိန်အသင်းအတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၅ မိနစ်မှာ အီတလီနောက်ခံလူ ကာလီဖီအိုနီက ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာပါ။
ဒီရလဒ်ကြောင့် စပိန်အသင်းက လက်ကျန်တပွဲကစားဖို့ ရှိသေးပေမဲ့ အုပ်စုပထမနေရာရဖို့ သေချာသလောက် ဖြစ်သွားခဲ့ပြီး ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
အီတလီအတွက်ကတော့ ခရိုအေးရှားနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်မှာ အနည်းဆုံး သရေတမှတ် ရယူနိုင်မှသာ နောက်တဆင့်တက်ဖို့ သေချာစေမှာ ဖြစ်ပါတယ်။