Home
အားကစား
ဂရင်းဝုဒ်ကိုခေါ်ယူရန် ပေါင်သန်း ၃၀ ဖြင့် လာဇီယိုအသင်း စတင်ကမ်းလှမ်း
DVB
·
June 21, 2024
Photo -REUTERS

အီတလီကလပ် လာဇီယိုအသင်းဟာ မန်ယူတောင်ပံကစားသမား မေဆန်ဂရင်းဝုဒ်ကို ပေါင်သန်း ၃၀ နဲ့ ခေါ်ယူဖို စတင်ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။

အင်္ဂလန်ကစားသမားဟာ မနှစ်က စပိန်ကလပ် ဂီတာဖေးအသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

ယုံကြည်ရတဲ့သတင်းရင်းမြစ်တွေရဲ့အဆိုအရ လာဇီယိုအသင်းဟာ ကနဦးပေါင်သန်း ၃၀ အပြင် စွမ်းဆောင်ရည်အပေါ်မူတည်ပြီး နောက်ထပ် ဆုကြေးတွေ ထပ်မံပေးချေသွားမယ်လို့ ဆိုပါတယ်။

ဂရင်းဝုဒ်ကို လာဇီယိုအသင်း အပါအဝင် ဂျူဗင်တပ်နဲ့ နာပိုလီအသင်းတွေကလည်း ခေါ်ယူလိုကြတယ်လို့  သိရပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013