နယ်သာလန်ဝန်ကြီးချုပ်ဟောင်း မာ့ခ်ရူတေးဟာ နေတိုးအတွင်းရေးမှူးချုပ် ဖြစ်လာဖွယ် ရှိပါတယ်။
နေတိုးအတွင်းရေးမှူးချုပ်နေရာအတွက် ယှဥ်ပြိုင်မယ့်သူ နုတ်ထွက်သွားလို့ မာ့ခ်ရူတေးက ဒီနေရာအတွက် ယှဥ်ပြိုင်မယ့်သူ တဦးတည်း ကျန်ရှိနေတာပါ။ ရိုမေးနီးယားသမ္မတက ပြီးခဲ့တဲ့အပတ်က အတွင်းရေးမှူးချုပ်နေရာအတွက် ယှဥ်ပြိုင်မှုကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။
လက်ရှိနေတိုးအတွင်းရေးမှူးချုပ် စတော့တန်ဘာ့ဂ်ဟာ အောက်တိုဘာလမှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး မာ့ခ်ရူတေးက အဲ့ဒီနေရာအတွက် တစ်ဦးတည်း ရွေးကောက်ပွဲဝင်သူဖြစ်လာမှာပါ။
အသက် ၅၇ နှစ်အရွယ်ရှိ မာ့ခ်ရူတေးဟာာ ယူကရိန်းကို ကျူးကျော်စစ်ထိုးနေတဲ့ ရုရှားကို တုံ့ပြန်တဲ့နေတိုးအဖွဲ့တာဝန်ကို ဆက်ခံရဖွယ်ရှိနေပါတယ်။
ဒါ့အပြင် အမေရိကန်မှာ ဒေါ်နယ်ထရန့်သမ္မတအဖြစ် ပြန်ရွေးခံရမယ်ဆိုရင် အမေရိကန်နဲ့ ဆက်ဆံရေးကိုပါ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
မာ့ခ်ရူတေးက အမေရိကန်မှာ ဘယ်သူပဲ တက်တက် ဥရောပအနေနဲ့ ပူးပေါင်းဆောင်ရွက်ရမှာဖြစ်တယ်လို့ ဖေဖော်ဝါရီလက ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။
မာ့ခ်ရူတေးဟာ ဥရောပနိုင်ငံရေးလောကမှာ ၁၄ နှစ်ကြာ ကျင်လည်ခဲ့တဲ့ အတွေ့အကြုံရှိသူဖြစ်ပြီး သူ့ကို ဗြိတိန်၊ အမေရိကန်၊ ပြင်သစ်၊ ဂျာမနီစတဲ့ အဓိက နိုင်ငံတွေ အပါအဝင် နေတိုးအဖွဲ့ဝင် နိုင်ငံအများစုက ထောက်ခံကြတာ တွေ့ရပါတယ်။
ဟမ်ဂေရီ၊ ရိုးမေးနီးယား၊ တူရကီနိုင်ငံတို့က အစောပိုင်းမှာ မာ့ခ်ရူတေးကို မထောက်ခံပေမဲ့ နောက်ပိုင်းမှာ အပြည့်အဝထောက်ခံကြောင်း ဖော်ပြကြပါတယ်။ နေတိုးထိပ်သီး အစည်းအဝေးပွဲကို လာမယ့်ဇူလိုင်လမှာ ဝါရှင်တန်မှာ ပြုလုပ်ဖို့ရှိနေပါတယ်။
Source-Reuters