တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲမှာ တော်လှန်ရေး တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၊စစ်ကြောင်းတွေက ရဲဘော်တွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉)နှစ်မြောက် မွေးနေ့အခမ်းအနားကို ရှေ့တန်းနယ်မြေ တနေရာမှာ ဇွန် ၁၉ ရက်က ကျင်းပပါတယ်။
မွေးနေ့အထိမ်းအမှတ် ခွန်အားဖြည့်မိငယ်သီချင်းနဲ့ ကဗျာတွေရွတ်ဆိုခဲ့ကြပြီး လူထု ခေါင်းဆောင်ကျန်းမာပါစေကြောင်း၊ လူထုခေါင်းဆောင်နဲ့ မတရားဖမ်းဆီးခံပြည်သူတွေ အမြန်ဆုံးလွတ်မြောက်ပါစေကြောင်း ဆုတောင်းခဲ့ကြပြီး မြန်မာပြည်သူများ အမြန်ဆုံးလွတ်မြောက်ရေး ကြွေးကြော်ခဲ့ကြပါတယ်။
ရှေ့တန်း နယ်မြေတွေမှာ တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း၊ စစ်ကြောင်းတွေဖြစ်တဲ့ တော်ဝင်ဒေါင်းစစ်ကြောင်း၊ နွေဦးစစ်သည်တော်များစစ်ကြောင်း၊ ဧရာဝတီအမှတ်(၃)တပ်ရင်း၊ ၃၇၀၂တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်းတွေက ရဲဘော်တွေ စုပေါင်းပြုလုပ်ခဲ့ကြတာာပါ။