ဟန်ဂေရီအသင်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အိမ်ရှင်ဂျာမနီအသင်းဟာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
ဂျာမနီအသင်းဟာ အုပ်စုအဖွင့်ပွဲစဉ်က လူစာရင်းအတိုင်း ဟန်ဂေရီကို ရင်ဆိုင်ခဲ့ပြီး ပွဲချိန် ၂၂ မိနစ်မှာ မူစီယာလာက တဂိုး၊ ပွဲချိန် ၆၇ မိနစ်မှာ ဂွမ်ဒိုဂမ်က တဂိုး သွင်းယူနိုင်ခဲ့တာပါ။
၂ ပွဲကစား ၂ ပွဲ အနိုင်ရရှိခဲ့တဲ့ ဂျာမနီအသင်းဟာ ဒီနှစ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့်ကို ပထမဆုံးတက် ရောက်ခဲ့တဲ့အသင်း ဖြစ်လာခဲ့တာပါ။
ဂျာမနီအသင်းဟာ လက်ကျန်အုပ်စုပွဲစဉ်အဖြစ် လာမယ့် ဇွန် ၂၄ ရက် မှာ ဆွစ်ဇာလန်အသင်းနဲ့ ကစားသွားရမှာပါ။
ဂျာမနီအနေနဲ့ အုပ်စုပထမနေရာ ရခဲ့မယ်ဆိုရင် အင်္ဂလန်၊ ဒိန်းမတ်၊ ဆလိုဗေးနီးယားနဲ့ ဆားဘီးယားတို့ပါဝင်တဲ့ အုပ်စု C က ဒုတိယရ အသင်းနဲ့ ၆ သင်းအဆင့်မှာ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။