Home
နိုင်ငံတကာ
အစ္စရေးအပေါ် လက်နက်ထောက်ပံ့မှု ကန့်သတ်ချက်ကို အမေရိကန်က ပယ်ဖျက်ပေးမည်
DVB
·
June 20, 2024
Photo - Reuters

ဘိုင်ဒန်အစိုးရဟာ အစ္စရေးကို လက်နက်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီဘလင်ကန်က သူ့ကို အာမခံ ပြောကြားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက ဇွန် ၁၈ ရက်မှာ ပြောပါတယ်။

နေတန်ယာဟုဟာ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ပြီးခဲ့တဲ့အောက်တိုဘာလမှာ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ကို စစ်ပွဲစတင်ချိန်ကတည်းက အစ္စရေးကို ပေးအပ်ခဲ့တဲ့ အမေရိကန်ရဲ့ပံ့ပိုးမှုအပေါ် ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ အစိုးရက အစ္စရေးကို လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ဆိုင်းငံ့ထားတဲ့ကိစ္စကိုတော့ စိတ်တောင်မကူးထားခဲ့မိဘူးလို့လည်း သူက ဆိုပါတယ်။

အဲဒီပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့အတွက် အုပ်ချုပ်ရေးအဖွဲ့က နေ့ရောညပါ လုပ်ဆောင်နေကြောင်း ဘလင်ကန်က အာမခံထားတယ်လို့ နေတန်ယာဟုက ပြောကြားပြီး အဲ့လိုပဲ ဖြစ်သင့်တာလို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဇွန် ၁၈ ရက်က နေတိုး အတွင်းရေးမှူးချုပ် ယန်စ် စတိုလ်တန်ဘာ့ဂ်နဲ့ တွေ့ဆုံချိန်မှာလည်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူတွေရဲ့ ချမ်းသာရာရရေးအတွက် အစ္စရေးကို ပေးပို့မယ့် အလေးချိန် ပေါင် ၂၀၀၀ ရှိ ဗုံးတွေကို အမေရိကန်က ပြန်လည်စစ်ဆေးနေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ဟားမတ်စ်ဟာ အဆိုပြုထားတဲ့ သဘောတူညီချက်ထဲက သူ့ရဲ့အတည်ပြုချက်တွေထဲမှာ အချက်အသစ်တွေကို ထပ်တိုးထည့်သွင်းနေတာကြောင့် ဂါဇာကမ်းမြောင် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲတွေမှာ ကွာဟချက်တွေကို ပေါင်းကူးပေးဖို့ အမေရိကန်က ကြိုးစားနေဆဲလို့လည်း ပြောသွားပါတယ်။ 

Source - Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013