Home
နိုင်ငံတကာ
ထိုင်းနိုင်ငံက အာဆီယံတွင် လိင်တူလက်ထပ်ခွင့်ရှိသည့် ပထမဆုံးနိုင်ငံဖြစ်လာ
DVB
·
June 19, 2024
Photo-Reuters

ကျား၊ မ ခံယူချက် ကွဲပြားခြားနားသူတွေ စုစည်းရာ LGBTQ အသိုက်အဝန်းကလူတွေ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ ဇွန် ၁၈ ရက်က စုဝေးခဲ့ကြပြီး တန်းတူညီမျှ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာ ဥပဒေ ပြဌာန်းလိုက်တာကို ဂုဏ်ပြုခဲ့ကြပါတယ်။

နောက်ဆုံးဖတ်ကြားခဲ့တဲ့ ဥပဒေကို ထိုင်းအထက်လွှတ်တော်က အင်္ဂါနေ့မှာ အတည်ပြုခဲ့အပြီး ထိုင်းနိုင်ငံက အရှေ့တောင်အာရှမှာ လိင်တူစုံမက်သူတွေ လက်ထပ်ခွင့်ကို အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာစေဖို့ လမ်းခင်းပေးခဲ့ပါတယ်။


တက်ကြွလှုပ်ရှားသူတွေက ဆယ်စုနှစ် နှစ်ခုကျော် ကြိုးပမ်းအားထုတ်မှုရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်က လွှတ်တော်အမတ်အများစုက ထောက်ခံခဲ့ပါတယ်။

တော်ဝင်ခွင့်ပြုချက်လိုအပ်တဲ့ ဒီဥပဒေဟာ တော်ဝင်ဂေဇက်မှာ ထုတ်ဝေပြီး ရက်ပေါင်း ၁၂၀ အတွင်း အသက်ဝင်မှာဖြစ်ပြီး ပထမအကြိမ် လိင်တူလက်ထပ်ပွဲတွေကို အခုနှစ်နှောင်းပိုင်းမှာ ကျင်းပနိုင်တော့မှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013