Home
သတင်းဓာတ်ပုံ
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှုတွင် မြန်မာပြည်သူများနှင့်အတူ နိုင်ငံခြားသံရုံးများပါဝင် (ဓာတ်ပုံ)
DVB
·
June 19, 2024
Photo- Embassies/GSCB
DasskFollower4_19062024
DasskFollower3_19062024
DasskFollower_19062024
DasskFollower16_19062024
DasskFollower17_19062024
DasskFollower13_19062024
DasskFollower12_19062024
DasskFollower11_19062024
DasskFollower10_19062024
DasskFollower9_19062024
DasskFollower8_19062024
DasskFollower7_19062024
DasskFollower6_19062024
DasskFollower14_19062024
DasskFollower15_19062024

မတရားဖမ်းဆီး ထောင်ချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ် မြန်မာပြည်သူတွေရဲ့  ပန်းသပိတ်လှုပ်ရှားမှုမှာ ရန်ကုန်အခြေစိုက်  နိုင်ငံခြား သံရုံးတွေလည်း ပူးပေါင်းပါဝင်နေပြီး နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဇွန် ၁၉ ရက် ဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၉) နှစ်မြောက် မွေးနေ့ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးချုပ်နှောင်ထားမှုအပေါ်  ရှုတ်ချကြောင်းနဲ့  သူနဲ့တကွ မတရားဖမ်းဆီးခံထားရသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ဆက်လက်တောင်းဆိုကြောင်း၊  ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ လှုံ့ဆော် စွပ်စွဲချက်တွေ ဖြစ်ကြောင်း ပေါ်လွင်ထင်ရှားတယ်လို့ ယူကေသံရုံးလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ (EU)သံရုံး ၊  နော်ဝေ၊  ဒိန်းမတ်၊  ဖင်လန် စတဲ့သံရုံးတွေကလည်း သူတို့လူမှုကွန်ရက်စာမျက်နှာတွေမှာ   နှင်းဆီပန်းပုံတွေနဲ့ ဖော်ကျူးပြီး ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြပါတယ်။ 

မန္တလေးသပိတ်အင်အားစုကလည်း လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် တော်လှန်ပန်းသပိတ် ပြုလုပ်ခဲ့ကြပါတယ်။

ရွှေမန်းမြေက ပန်းသပိတ်လှုပ်ရှားမှုအဖြစ် ရွှေမန်းမြို့ရဲ့ အထင်ကရ အမှတ်အသားတွေဖြစ်ကြတဲ့ စန္ဒာမုနိဘုရား၊ အိမ်တော်ရာဘုရား၊ မန္တလေးတောင်တော်နဲ့ ကျုံးနံဘေးမှာ ဖော်ဆောင်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နယ်မှာတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် နှင်းဆီ ၁၀၀၀ နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်ကို ကနီမြို့နယ်သပိတ်ဦးဆောင်ကော်မတီက  ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်မာအလုပ်သမားတပ်‌ပေါင်းစု MLA အဖွဲ့ကလည်း ပန်းသပိတ်ကို ဆင်နွှဲခဲ့ကြပြီး စစ်အာဏာရူးတသိုက်ကို အမြစ်ပြတ် ချေမှုန်းရေး အဆုံးတိုင် ပါ၀င်တိုက်ပွဲ၀င်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ အဓမ္မဖမ်းဆီး အကျဉ်းချတာခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အသက်အကြီးဆုံး နိုင်ငံရေးအကျဉ်းသား တစ်ဦးအဖြစ် အကျဉ်းထောင်ထဲမှာ အထီးကျန်စွာ ဖြတ်သန်းနေရတာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013