Home
သတင်းဓာတ်ပုံ
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ကလေးငယ်များကို ထီးအလက် ၂၀၀ ကျော် လှူဒါန်း
DVB
·
June 19, 2024
Photo - MDF
Photo - MDF
Photo - MDF
Photo - MDF
Photo - MDF
Photo - MDF
Photo - MDF

ဒီနေ့ ဇွန် ၁၉ ရက်မှာ ကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်ပြည့် မွေးနေ့ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ ကျောင်းနေအရွယ် ကလေးတွေကို ထီးအလက် ၂၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ Mayangone Democratic Front (MDF) အဖွဲ့က ပြောပါတယ်။

ဒီလှူဒါန်းမှုကို ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့ဖြစ်တဲ့ Linn Young Ni Youth Association (LYNYA)၊ Kyimyindaing Networks (KMD18)၊ Mayangone Democratic Front (MDF) နဲ့ Owl Community တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မွေးနေ့ဂုဏ်ပြုပွဲကနေ ပြည်သူကို အသိပေးချင်တာနဲ့ပတ်သက်လို့ “ပြည်သူတွေအနေနဲ့ သွေးမအေးဘဲ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ MDF အဖွဲ့ တာဝန်ရှိသူက ဆိုပါတယ်။

အနာဂတ်ပန်းကလေးတွေကို ထီးလိုမိုးကာပေးခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ဂုဏ်ပြု လှူဒါန်းမှုပြုလုပ်ခဲ့ပြီး “တော်လှန်မွေးနေ့ပါ အမေစု သက်ရှည်ကျန်းမာပါစေ၊ အားလုံး ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” လို့ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ မေ ၂၂ ရက်ကလည်း ရန်ကုန်မြို့ရှိ ဘုရားတဆူမှာ ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့တို့ ပူးပေါင်းပြီး “တော်လှန်ကဆုန် စစ်တပ်ကုန်၊ မာန်နတ်ကိုလည်း အောင် ဖက်ဆစ်တပ်လည်း ပြောင်၊ ညောင်ရေသွန်းလောင်း စစ်ခွေးမောင်း၊ ညောင်ရေလည်း အေးစေ တော်လှန်ရေးလည်း မွှေးစေ၊ တော်လှန်ရေးရဲဘော်အပေါင်း ဘေးကင်းပါစေ ဆုမွန်တောင်း” စတဲ့ ကြွေးကြော် ဆုတောင်းစာ‌တွေနဲ့ တော်လှန်ကဆုန် ညောင်ရေသွန်းပွဲ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါသေးတယ်။

ဓာတ်ပုံ-MDF

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013