တရုတ်နိုင်ငံရဲ့ ကမ်းရိုးတန်းပြည်နယ်တွေ ဖြစ်ကြတဲ့ ကွမ်တုန်းနဲ့ ဖူးကျန်း တို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုတွေကြောင့် လူ ၉ ဦးသေဆုံးပြီး ၁၇ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံပိုင်မီဒီယာနဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဇွန် ၁၇ ရက်မှာ ပြောပါတယ်။
တနင်္လာနေ့အထိ ကွမ်တုန်းမှာ လူ ၅ ဦး သေဆုံးပြီး ၁၅ ဦး ပျောက်ဆုံးနေကာ ပိတ်မိနေသူ ၁၃ ဦး ရှိကြောင်း ဒေသဆိုင်ရာ အရေးပေါ် စီမံခန့်ခွဲရေး အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။
ကွမ်တုန်းပြည်နယ် မယ့်ကျိုးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောက်အဦတွေ ပြိုကျပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့တာကို မှတ်တမ်းတင်ထားတဲ့ မျက်မြင်သက်သေ ဗီဒီယိုဖိုင်ကို ဇွန်လ ၁၇ ရက် တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
မိုးသက်မုန်တိုင်းကြောင့် အိမ်နီးချင်း ဖူးကျန်းမှာ လူ ၄ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးနေပြီး ဒီဖြစ်ရပ်ကို ပြည်နယ်မိုးလေဝသဗျူရိုက "ပြင်းထန်အဆင့်ရှိတဲ့ ဖြစ်ရပ်" လို့ သတ်မှတ်ထားကြောင်း နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်ပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်းဒေသမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိုးရွာသွန်းမှုဒဏ်ကို ခံခဲ့ရပြီး ဒေသအများအပြားမှာ ရေကြီးမှုသတိပေးချက်တွေနဲ့ အကြံပြုချက်တွေကို ထုတ်ပြန်ဖို့ နှိုးဆော်ထားပါတယ်။
ကျန်းရှီးနဲ့ ကွီကျိုး ပြည်နယ်တွေ၊ ကွမ်တုန်းနဲ့ ဖူးကျန်း ကမ်းရိုးတန်းပြည်နယ်တွေနဲ့ ကွမ်ရှီး ဒေသတွေမှာ ရက်အတော်ကြာ မိုးသည်းထန်စွာရွာပြီး ရေကြီးရေလျှံ ဖြစ်နေခဲ့ပါတယ်။
Source-Reuters
Photo-Reuters