လိင်တူလက်ထပ်မှု ဥပဒေကြမ်းကို ထိုင်းအထက်လွှတ်တော်မှာ ဇွန် ၁၈ ရက်က ဖတ်ကြားအတည်ပြုအပြီးမှာ အာရှတိုက်မှာ နီပေါနဲ့ ထိုင်ဝမ်ပြီးရင် လိင်တူလက်ထပ်ခွင့်ကို တရားဝင်ခွင့်ပြုတဲ့ တတိယမြောက် နိုင်ငံဖြစ်ဖို့ ရှိနေပါတယ်။
ထိုင်းအထက်လွှတ်တော်မှာ ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၄ မဲ၊ ပျက်ကွက်မဲ ၁၈ မဲ နဲ့ အတည်ပြုခဲ့တာဖြစ်ပါတယ်။
အခုအခါဥပဒေကို ဘုရင့်သဘောတူညီချက်ရယူဖို့ နန်းတော်ကို ပေးပို့လိုက်ပြီဖြစ်ပါတယ်။ ဒီဥပဒေကို တော်ဝင်ပြန်တမ်းမှာ ပုံနှိပ်ဖော်ပြပြီး ရက် ၁၂၀ ကြာရင် စတင် အသက်ဝင်တော့မှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပထမဆုံး ကျားမမခွဲခြားဘဲ သာတူညီမျှ လက်ထပ်ခွင့်ရှိတဲ့နိုင်ငံ ဖြစ်လာတော့မှာပါ။
မူလကတည်းက ထိုင်းဟာ LGBTQ+ တွေကို နွေးနွေးထွေးထွေးလက်ခံတဲ့ ဓလေ့ရှိတဲ့နေရာအဖြစ် ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ထင်ရှားခဲ့တာဖြစ်ပါတယ်။
ဒီဥပဒေကြမ်းဟာ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေ ဆယ်နှစ်ကျော်ကြာ ကြိုးပမ်းခဲ့အပြီးမှ အကောင်အထည်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဥပဒေအတည်ပြုနိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ ဝန်ကြီးချုပ်ဟာ အစိုးရအိမ်တော်ကို ဖွင့်ပေးထားမှာဖြစ်ပြီး ဥပဒေထောက်ခံသူတွေဟာ ပါလီမန်ကနေ ဝန်ကြီးချုပ်ရုံးအထိ ချီတက်ကြမှာ ဖြစ်ပါတယ်။
Source- Reuters