အခုလနှောင်းပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် သမ္မတလောင်း ကိုယ်စားလှယ်တွေရဲ့ ပထမဆုံး စကားစစ်ထိုးပွဲကို ဇွန် ၁၇ ရက်မှာ ကျင်းပရာမှာ သူတို့ရဲ့ ထိပ်တန်းဦးစားပေးတွေထဲက အိမ်ရာ၊ စီးပွားရေးနဲ့ လွတ်လပ်စွာပြောဆိုခွင့်တွေ အကြောင်းကို အဓိကထား ပြောကြားခဲ့ပါတယ်။
မေလက ရဟတ်ယာဉ်ပျက်ကျပြီး သမ္မတ အီဘရာဟင်မ်ရိုင်စီ သေဆုံးပြီးတဲ့နောက် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ၆ ဦးကို ရွေးကောက်ပွဲနဲ့ ဥပဒေတွေကို ကြီးကြပ်တဲ့ အီရန်ရဲ့ အုပ်ထိန်းသူကောင်စီက အတည်ပြုခဲ့ပါတယ်။
အီရန်ရဲ့ စီးပွားရေးကို အာရုံစိုက်တဲ့ စကားစစ်ထိုးပွဲမှာ ကောင်းကောင်းပြောနိုင်ကြတဲ့ တခြားသမ္မတလောင်းတွေကြားမှာ အီရန်နိုင်ငံရဲ့ သဘောထားတင်းမာတဲ့ လွှတ်တော်ဥက္ကဋ္ဌ မိုဟမ်မဒ် ဘာကာ ခါလီဘာဟာ ရွေးချယ်စရာကောင်းတဲ့လူတယောက် ဖြစ်တယ်လို့ တီဟီရန်မြို့ခံတဦးနဲ့ တက္ကသိုလ်ကျောင်းသားတဦးက ပြောခဲ့ပါတယ်။
ခါလီဘာနဲ့အတူ အရင်က နျူးကလီးယား ညှိနှိုင်းရေးမှူးဟောင်း ဆာအိ ဂျလီလီ၊ တီဟီရန်မြို့တော်ဝန် အလီရေဇာ ဇာခါနီ၊ ပြုပြင်ပြောင်းလဲရေးအမတ် မာဆွဒ် ပေဇက်ခ်ရှီယံ၊ ပြည်ထဲရေးဝန်ကြီးဟောင်း မိုစတာဖာ ပိုးမိုဟာမဒီနဲ့ ရှေးရိုးစွဲနိုင်ငံရေးသမား အာမီယာ ဟူစိန် ဂါဇီဇာဒေ ဟာရှီမီတို့ဟာ သမ္မတရာထူးအတွက် ပြိုင်ဆိုင်နေကြပါတယ်။
Source-Reuters