ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ နှာခေါင်းရိုးကျိုးတဲ့ ဒဏ်ရာကြောင့် အုပ်စုပွဲစဉ်တွေကို လွဲချော်ဖို့ ရှိပါတယ်။
အမ်ဘာပေဟာ သြစတြီးယားကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပြိုင်ဘက်နောက်ခံလူ ဒမ်ဆိုရဲ့ ပုခုံးနဲ့ ထိခိုက်မိပြီး နှာခေါင်းရိုးကျိုးသွားခဲ့တာပါ။ အဲဒီနောက် ချက်ချင်းလူစားလဲခဲ့ပြီး ပွဲအပြီးမှာ အရေးပေါ်ဆေးရုံတင်ပို့ခဲ့ရတယ်လို့သိရပါတယ်။
ပြင်သစ်နည်းပြ ဒက်ရွှန့်ကတော့ အမ်ဘာပေရဲ့ နှာခေါင်းရိုးကျိုးဒဏ်ရာဟာ ခွဲစိတ်ကုသစရာမလိုပေမဲ့ အနားယူဖို့လိုအပ်ကြောင်း၊ အမ်ဘာပေ မကစားနိုင်ခဲ့ရင်လည်း ရှိတဲ့လူစာရင်းနဲ့ တိုက်ပွဲဝင်သွားရမှာဖြစ်ကြောင်း ပြောပါတယ်။
အမ်ဘာပေရဲ့ ဒဏ်ရာအခြေအနေဟာ ၁၅ ရက်လောက် အနားယူရနိုင်တာကြောင့် လက်ကျန်အုပ်စုပွဲစဉ် နှစ်ပွဲစလုံးကို လွဲချော်ဖို့ရှိသလို ၁၆ သင်း အဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲစဉ် တွေမှာ ပါဝင်ဖို့လည်း မသေချာကြောင်း မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
Photo-Reuters