ပေါ်တူဂီအသင်းနဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး စီရော်နယ်ဒိုကို အနိုင်ယူပြီး စိတ်ဓာတ်လှုံ့ဆော်မှု ရယူမယ်လို့ ချက်အသင်းနည်းပြ ဟာဆက်ခ်က ပြောသွားပါတယ်။
ချက်နဲ့ ပေါ်တူဂီအသင်းတို့ရဲ့ ယူရိုအုပ်စုအဖွင့်ပွဲစဉ်ကို ဇွန် ၁၉ ရက် မနက် ၁ နာရီခွဲမှာ ယှဉ်ပြိုင်သွားရမှာပါ။
အဲဒီပွဲစဉ်မှာ ကစားသမားတွေအတွက် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုရရှိဖို့ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုကို အနိုင်ယူသွားမှာဖြစ်ကြောင်း၊ အနိုင်ယူနိုင်ခဲ့မယ်ဆိုရင် ကစားသမားတွေရဲ့ တသက်တာလုံးမှာ စွဲမြဲကျန်ရစ်နေမှာဖြစ်ကြောင်း ချက်နည်းပြ ဟာဆက်ခ်က ပြောပါတယ်။
စီရော်နယ်ဒိုဟာ အခုနှစ် ယူရိုပြိုင်ပွဲကို ၁၁ ကြိမ်မြောက် အဓိကပြိုင်ပွဲတရပ်အဖြစ် ယှဉ်ပြိုင်ကစားသွားရမှာပါ။
သူဟာ ယူရိုပြိုင်ပွဲသမိုင်းမှာ ၂၅ ပွဲနဲ့ ပွဲအများဆုံးကစားထားသလို ၁၄ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူထားသူလည်း ဖြစ်ပါတယ်။