Home
နိုင်ငံတကာ
NATO အဖွဲ့ဝင်နိုင်ငံများ ကာကွယ်ရေးအတွက် GDP ၂ ရာခိုင်နှုန်းထက်မနည်း အသုံးပြုမည်
DVB
·
June 18, 2024
Photo-Reuters

NATO အဖွဲ့ဝင် ၂၀ ကျော်ဟာ အခုနှစ်အတွင်း ကာကွယ်ရေးအတွက် စုစုပေါင်း ပြည်တွင်းထုတ်ကုန် GDP ၂ ရာခိုင်နှုန်းထက် မနည်းကို ခွဲဝေချထားပေးမယ့် NATO မဟာမိတ်အဖွဲ့ရဲ့ ရည်မှန်းချက်ကို ပြည့်မီသွားလိမ့်မယ်လို့ NATO အတွင်းရေးမှူးချုပ် ယန်းစ် စတော့တန်ဘာ့ဂ်က ဇွန် ၁၇ ရက်မှာ ပြောပါတယ်။

၂၀၁၄ ခုနှစ်မှာ ယူကရိန်းရဲ့ ခရိုင်းမီးယားကျွန်းဆွယ်ကို ရုရှားက သိမ်းယူပြီးတဲ့နောက် မဟာမိတ်တွေဟာ စစ်ရေးအသုံးစရိတ်ကို ဘယ်လိုမြှင့်တင်ခဲ့ကြတယ် ဆိုတာကို မီးမောင်းထိုးပြလိုက်တာပါ။

လွန်ခဲ့တဲ့ ၅ နှစ်က အဖွဲ့ဝင် ၁၀ ဦးထက် နည်းချိန်က အသုံးစရိတ်နဲ့ နှိုင်းယှဉ်ရင် အခု NATO မဟာမိတ် အရေအတွက်ဟာ အသုံးစရိတ် ရည်မှန်းချက်ကို ပြည့်မီလာပြီလို့ စတော့တန်ဘာ့ဂ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကို အိမ်ဖြူတော်မှာ ပြောခဲ့ပါတယ်။

လာမယ့်လ အမေရိကန်မြို့တော်မှာ ကျင်းပမယ့် NATO ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ဖို့ စတော့တန်ဘာ့ဂ်က ဝါရှင်တန်မြို့တော်ဆီ ရောက်နေပြီး သူနဲ့ ဘိုင်ဒင်တို့လည်း ခေါင်းစဉ်တခုကို ဆွေးနွေးခဲ့ပါတယ်။

ယူကရိန်းတပ်တွေ ရုရှားတပ်တွေကို တိုက်နေချိန်မှာ NATO မဟာမိတ်အဖွဲ့ဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပအတွက် အရေးကြီးဆုံးအချိန်တွေထဲက တခုကို ရင်ဆိုင်နေရတယ်လို့ ဘိုင်ဒင်က ပြောကြားခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013