ရုရှားအထူးတပ်ဖွဲ့တွေဟာ နိုင်ငံတောင်ပိုင်း ရို့စ်တော့ဗ်မြို့က အကျဉ်းထောင်တခုမှာ ဓားစာခံအဖြစ် အဖမ်းခံရတဲ့ အကျဉ်းထောင်အစောင့် ၂ ဦးကို လွှတ်ပေးခဲ့ပြီး သူတို့ကို ဖမ်းထားတဲ့ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်နွှယ်တဲ့ အကျဉ်းသား ၆ ဦးကို ပစ်သတ်ခဲ့တယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြပါတယ်။
မော်စကိုကပွဲရုံကို အသေခံဗုံးခွဲတိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်လို့ ကြေညာထားတဲ့ IS စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်နေတဲ့ အမျိုးသားတချို့ကို အကြမ်းဖက်ဝါဒ ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ထားတယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
ဓားစာခံဖမ်းဆီးခံရသူ ၆ ဦးထဲက တဦးဟာ အာရပ်ဘာသာရေးကမ္ပည်း ရေးထိုးထားတဲ့ IS အဖွဲ့သုံးတဲ့ အလံပါ ခေါင်းပတ်ကြိုးကို ဝတ်ဆင်ထားပါတယ်။
ပြတင်းပေါက်တန်းတွေကို ခေါက်ပြီး ကြိုးနဲ့ အထပ်အတော်များများကို တွယ်ဆင်းပြီး အစောင့်တွေကို ဓားနဲ့ မီးသတ်မှန်ပုံးကို ခွဲရာမှာသုံးတဲ့ ပုဆိန်တွေကို သုံးပြီး ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ပါတယ်။
112 Telegram ချန်နယ်ကနေ လွှင့်တင်ထားတဲ့ ဗီဒီယိုထဲမှာ ရို့စ်တော့ဗွန်ဒွန်မှာရှိတဲ့ ကြိုးတုပ်ခံ အစောင့်ရဲ့ဘေးမှာ ဓားတချောင်းနဲ့ လက်သရမ်းဖျက်ဆီးနေသူကို တွေ့ရပါတယ်။
အာဏာပိုင်တွေနဲ့ ညှိနှိုင်းရာမှာ အကျဉ်းသားတွေက သူတို့ကို ထောင်ကနေလွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ ရုရှားအထူးတပ်ဖွဲ့တွေက အကျဉ်းထောင်ကိုဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး 112 Telegram ချန်နယ်ကနေ ထုတ်လွှင့်တဲ့ ဗီဒီယိုထဲမှာ လူ ၆ ဦး သွေးအိုင်ထဲမှာ သေဆုံးနေတာကို ပြသခဲ့ပါတယ်။
ဓားစာခံတွေ လွတ်မြောက်စေဖို့ အထူးစစ်ဆင်ရေးတရပ် လုပ်ဆောင်ခဲ့တယ်၊ ရာဇဝတ်သားတွေကို သုတ်သင်ချေမှုန်းခဲ့တယ်လို့ ရုရှားနိုင်ငံ ဗဟိုအကျဉ်းထောင်တွင်း စစ်ဆေးရေးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဆွန်နီ မွတ်ဆလင် စစ်သွေးကြွအဖွဲ့ဖြစ်တဲ့ အစ္စလာမ်မစ်နိုင်ငံတော် အမည်ခံ IS စစ်သွေးကြွ အဖွဲ့ကို အီရတ်နဲ့ ဆီးရီးယားတို့မှာ အမေရိကန် ဦးဆောင်တဲ့ တပ်ဖွဲ့တွေ၊ ကာ့ဒ် တိုက်ခိုက်ရေးသမားတွေနဲ့ ရုရှား၊ အီရန်၊ ဆီးရီးယား စစ်သားတွေ ပူးပေါင်း ချေမှုန်းနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ IS တွေဟာ ကမ္ဘာတဝန်းက လူအသေအပျောက်များတဲ့ တိုက်ခိုက်မှုများစွာကို မတူညီတဲ့ ဒေသတွင်းအုပ်စုတွေအဖြစ် ခွဲထွက်ဆောင်ရွက်ခဲ့ကြပါတယ်။
Source-Reuters