နယူးဇီလန်ဝန်ကြီးချုပ် ခရစ္စတိုဖာလက်ခ်ဆန်ရဲ့ ဂျပန်ခရီးစဥ် လေယာဥ်ဟာ စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့ပါတယ်။
ပါပူအာနယူးဂီနီမြို့မှာ ဆီဖြည့်စဥ် စက်ချို့ယွင်းမှု ဖြစ်ပွားခဲ့တာကြောင့် ဝန်ကြီးချုပ်ဟာ ပုဂ္ဂလိက လေကြောင်းလိုင်းနဲ့ ဂျပန်ခရီးစဥ်ကို ရှေ့ဆက်ခဲ့ရတယ်လို့ အစိုးရရုံးက ထုတ်ပြန်ပါတယ်။
နယူးဇီလန်စစ်တပ်ရဲ့ ဘိုးရင်း ၇၅၇ လေယာဥ် ၂ စင်းလုံးဟာ နှစ် ၃၀ ကျော် သက်တမ်းရှိပြီး စိတ်ချရတဲ့ အနေအထားမှာ ရှိမနေတော့ပါဘူး။
လက်ဆန်ရဲ့ ဂျပန် ၄ ရက်တာ ခရီးစဥ်မှာ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါနဲ့ တွေ့ဆုံမယ်လို့ မျှော်လင့်ရပြီး နယူးဇီလန်နိုင်ငံရဲ့ စီးပွားရေးကိစ္စတွေကို ဆွေးနွေးဖွယ်ရှိပါတယ်။
နယူးဇီလန်စစ်တပ်ဟာ သက်တမ်းကြာမြင့်တဲ့ စက်ပစ္စည်းတွေကို ထိန်းသိမ်းဖို့ ရုန်းကန်နေရပြီး လုံလောက်တဲ့ ဝန်ထမ်းအင်အားရှိဖို့လည်း ထိန်းသိမ်းနေရပါတယ်။
နယူးဇီလန်အစိုးရအဖွဲ့က ကာကွယ်ရေးအတွက် ငွေကြေးပိုသုံးမယ်လို့ ပြောထားပေမဲ့ စီးပွားရေး အကျပ်အတည်းကာလမှာ အသုံးစရိတ် လျှော့ချနေရပါတယ်။
Source-Reuters