နေပြည်တော်မှာ မတရားအကျဉ်းကျခံနေရတဲ့ လူထုခေါင်းဆောင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၉ နှစ်မြောက်မွေးနေ့အကြို ဆုတောင်းပွဲတွေကို ဂျပန်နိုင်ငံမှာ ဇွန် ၁၆ ရက်က ကျင်းပပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အထိမ်းအမှတ် ဘာသာပေါင်းစုံဆုတောင်းပွဲတွေ၊ တော်လှန်ရေးရန်ပုံငွေဈေးရောင်းပွဲ၊ ဒေါ်အောင်ဆန်းစုကြည်ဖလား ဘောလုံးပြိုင်ပွဲအပါအဝင် စတုဒီသာကျွေးမွေးတာနဲ့ ကဗျာရွတ်ဆိုတာတွေကို တိုကျိုအပါအဝင် နဂိုယာ၊ ရှိဇုအုခ၊ ဖုခုအုခတို့မှာ ကျင်းပခဲ့ကြတာပါ။
ဘာသာပေါင်းစုံဆုတောင်းပွဲကို ရှီဇုအုခကမ္ဘာ့ငြိမ်းရေးစေတီမှာကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် ဆုတောင်းပေးတာနဲ့ ကဗျာရွတ်ဆိုတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
တိုကျိုမြို့က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်ပွဲတော်ကိုတော့ ဂျပန်လွှတ်တော်အမတ် အီရှိကဝတိုင်ခစံနဲ့ မြန်မာ CDM သံအရာရှိ ဦးအောင်စိုးမိုးတို့က ဖွင့်လှစ် အမှာစကား ပြောကြားပေးခဲ့ပါတယ်။