ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ်မှာ ပွဲထွက်ခွင့်ပေးသင့်တဲ့ အင်္ဂလန်ကစားသမား ၁၁ ဦးကို တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီက ရွေးချယ်ပေးသွားပါတယ်။
အင်္ဂလန်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ဆားဘီးယားအသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ် ယှဉ်ပြိုင်သွားရမှာပါ။
အဲဒီပွဲစဉ်အတွက် ပွဲထွက်ကစားစေသင့်တဲ့ ကစားသမားတွေကို The Overlap ရုပ်သံအစီအစဉ်မှာ ဂယ်ရီနဗီးလ်က မေးမြန်းခဲ့ပြီး ဝိန်းရွန်နီက ပြန်လည်ဖြေကြားခဲ့တာပါ။
ဘယ်နောက်ခံလူနေရာမှာ လုခ်ရှော မကစားနိုင်ဘူးဆိုရင် ထရစ်ပီယာက ဝင်ကစားနိုင်ကြောင်း၊ ဗဟိုခံစစ်မှူးနေရာမှာ ဂျွန်စတုန်းစ်နဲ့ ဂူယီ၊ ညာနောက်ခံလူနေရာမှာ ဝေါ်ကာတို့ကို ရွန်နီက ရွေးချယ်ပါတယ်။
ကွင်းလယ်ခံစစ်မှာ ဒက်ကလန်ရိုက်စ်နဲ့ ဘယ်လင်ဟမ်၊ တောင်ပံနှစ်ဖက်မှာ ဆာကာနဲ့ ဂေါ်ဒွန်၊ နောက်ချန်တိုက်စစ်မှူးနေရာမှာ ဖိုဒမ်နဲ့ တိုက်စစ်မှူးနေရာမှာ ဟယ်ရီကိန်းတို့ကို ရွန်နီက ရွေးချယ်ပါတယ်။
နည်းပြဆောက်ဂိတ်အနေနဲ့ အာနိုးလ်ကို ကွင်းလယ်မှာ ထားကစားမလားဆိုတာ ဆုံးဖြတ်ရမှာ ဖြစ်သလို ဂေါ်ဒွန်နေရာမှာ ပါလ်မာကို အသုံးပြုနိုင်ပေမဲ့ တောင်ပံတိုက်စစ်မှာ ဂေါ်ဒွန်က ပိုပြီးအလုပ်ဖြစ်နိုင်ကြောင်း သုံးသပ်သွားပါတယ်။