အစ္စရေးမြောက်ပိုင်းရှိ မြို့တွေမှာ ဇွန်လ ၁၃ ရက် လေကြောင်းစီးနင်းတိုက်ခိုက်မှု အချက်ပေး ဥဩသံများ ထွက်ပေါ်လာပြီး မွန်းလွဲပိုင်းမှာ လက်ဘနွန်ဘက်နေ ဒုံးကျည် ၄၀ လောက် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။
နယ်စပ်မှ ၁၂ ကီလိုမီတာ ကွာဝေးတဲ့ Safed အပါအဝင် အစ္စရေးမြို့တွေအထက်မှာ ဝေဟင်မှာ ကြားဖြတ်ဒုံးကျည် အများအပြားကို Kan နိုင်ငံပိုင် ရုပ်သံဌာနမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။ Safed နဲ့ ဂိုလန်ကုန်းမြင့် အထက်ရှိ ဒုံးပျံတွေကို ကြားဖြတ် ဟန့်တားထားကြောင်း ပြသထားတဲ့ ဗီဒီယိုတွေကို တယ်လီဂရမ်မှာ တင်ထားပါတယ်။
လက်ဘနွန်တောင်ပိုင်းကနေ နယ်စပ်မြို့ Kiryat Shmona အနီးတဝိုက်ကို ဒုံးကျည် ဒါဇင်ပေါင်းများစွာကို ပစ်ခတ်ခဲ့ပြီးနောက် ဇွန်လ ၁၄ ရက် သောကြာနေ့မှာ အစ္စရေးမြောက်ပိုင်းမှာ မီးလောင်မှု အများအပြားကို အစ္စရေးအရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေက ဆောင်ရွက်ပေးနေပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာနဲ့အစ္စရေးတို့ဟာ အောက်တိုဘာလမှာ ဂါဇာစစ်ပွဲဖြစ်ပွားပြီးကတည်းက နေ့စဉ်နဲ့အမျှ ပစ်ခတ်မှုတွေ ဖြစ်ပွားနေခဲ့ပေမယ့် ဇွန်လ ၁၁ ရက် အင်္ဂါနေ့မှာ ဟစ်ဇ်ဘိုလာတပ်မှူးကို သတ်ဖြတ်ခဲ့တဲ့ အစ္စရေးရဲ့တိုက်ခိုက်မှုပြီးသွားကတည်းက ၃ ရက်အတွင်းမှာ ပစ်ခတ်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် နယ်စပ် ၂ ဘက်ရှိ လူပေါင်း သောင်းနဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။
Source-Reuters
Photo-Reuters