Home
အားကစား
မန်ယူကစားသမား ဂရင်းဝုဒ် ဂျူဗင်တပ်သို့ပြောင်းရန် နီးစပ်
DVB
·
June 15, 2024
Photo -REUTERS

မန်ယူတောင်ပံကစားသမား မေဆန်ဂရင်းဝုဒ်ဟာ ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်လာပါတယ်။

နည်းပြ တန်ဟတ်ဂ်ကို လာမယ့်ရာသီမှာ ဆက်လက်တာဝန်ပေးအပ်ဖို့ မန်ယူအသင်းက ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ဂရင်းဝုဒ်ဘက်ကလည်း ဂျူဗီအသင်းဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ဂရင်းဝုဒ်ကို အပြီးသတ်ရောင်းချဖို့ ပြင်ဆင်ထားပြီး သင့်တော်တဲ့ ကမ်းလှမ်းမှု ရခဲ့မယ်ဆိုရင် လက်ခံသွားမယ်လို့ သိရပါတယ်။

ဂရင်းဝုဒ်ရဲ့ အေးဂျင့်တွေဘက်ကလည်း ဂျူဗင်တပ်အသင်းဆီ ပြောင်းရွှေ့ဖို့က ဦးစားပေးပစ်မှတ် ဖြစ်တယ်လို့ အကြောင်းပြန်ထားကြောင်း စကိုင်းစပေါ့ အီတလီသတင်းမှာ ဖော်ပြပါတယ်။

အီတလီထိပ်တန်းကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်နဲ့ နာပိုလီအသင်းတို့ဟာ မန်ယူတိုက်စစ်မှူး မာဆန်ဂရင်းဝုဒ်ကိုခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေတာပါ။

အသက် ၂၂ နှစ်ရှိ အင်္ဂလန်တိုက်စစ် ကစားသမားဟာ မနှစ်ကရာသီမှာ ဂီတာဖေးအသင်းဆီ တရာသီအငှားထွက်ကစားခဲ့ပြီး သွင်းဂိုး ၁၀ ဂိုးသွင်းကာ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။

ဂရင်းဝုဒ်အတွက် ဂျူဗင်တပ်အသင်းက ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းထားပြီး နာပိုလီအသင်းကလည်း အပြိုင်ခေါ်ယူဖို့ စီစဉ်လာတယ်လို့ သိရပါတယ်။

ဂရင်းဝုဒ်ဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်းကျန်သေးပေမဲ့ အတူနေချစ်သူနဲ့ အမူကိစ္စဖြစ်ပွားခဲ့ပြီးနောက် အသင်းမှာ ပါဝင်ကစားခွင့် ပိတ်ပင်ခံထားရတာဖြစ်လို့ မန်ယူအသင်းက ထွက်ခွါခွင့်ပေးထားတာဖြစ်ပါတယ်။ 

ဂရင်းဝုဒ်ဟာ အတူနေချစ်သူကို အိမ်တွင်းအကြမ်းဖက်ခဲ့တာနဲ့ ပတ်သက်လို့ မန်ယူအသင်းက အရေးယူတဲ့အနေနဲ့ အသင်းကနေ ထုတ်ပယ်ထားခဲ့ပြီး မနှစ်ကရာသီက စပိန်ကလပ် ဂီတာဖေးအသင်းဆီ အငှားချခဲ့ပါတယ်။

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013