Home
နိုင်ငံတကာ
ရိုဟင်ဂျာ ၁၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်ထောင်တွင်  အကျဉ်းကျနေ 
DVB
·
June 15, 2024
Photo -REUTERS

၂၀၁၇ ခုနှစ်ကတည်းက ဒုက္ခသည်စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ ၉၉၄ ဦး ဘင်္ဂလားဒေ့ရှ်အကျဉ်းထောင်မှာ ထောင်ကျနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးက အတည်ပြုပြောပါတယ်။ 

တောင်အာရှနိုင်ငံတွေရဲ့ အမတ်တွေနဲ့ တွေ့ဆုံချိန်မှာ ဝန်ကြီး အဆာဒူဇာမန်ခန်းက အရှေ့တောင်ဘက်ရှိ ကော့ဇ်ဘဇားခရိုင်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းရဲ့ လူထုလုံခြုံရေးအပေါ် စိုးရိမ်စရာကောင်းကြောင်း ပြောဆို  ခဲ့တာပါ။ 

အဲ့ဒီ ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ လက်နက်ကိုင်ဆောင်မှုနဲ့ လူသတ်မှုတွေကြာင့် ထိန်းသိမ်းထားတာ ဖြစ်တယ်လို့ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းရှိပြီး အများစုဟာ စစ်တပ်ရဲ့ လူမဆန်တဲ့ နှိမ်နင်းမှုတွေ ကြောင့် ၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်ကနေ  စွန့်ခွာထွက်ပြေးလာခဲ့ကြတာပါ။ 

ကော့ဇ်ဘဇားဒုက္ခသည်စခန်းကလည်း လူများလွန်းတာကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ဘီဟာဆန်ချာ စခန်းကို အယောက် ၃၅၀၀၀ ရွှေ့ပြောင်းခဲ့ရပါတယ်။ 

ကော့ဇ်ဘဇား ဒုက္ခသည်စခန်းမှာတော့ ရိုဟင်ဂျာတွေအကြား အုပ်စုဖွဲ့အားပြိုင်မှုနဲ့ တိုက်ခိုက်မှုတွေ တိုးလာခဲ့ပြီး လူသတ်မှုတွေအထိ ကျူးလွန်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။ 

ဒါ့အပြင်  အာရကန်-ရိုဟင်ဂျာတပ်ဖွဲ့  (ARSA)ရဲ့ ထိပ်ပိုင်းခေါင်းဆောင် တဦးဖြစ်တဲ့ အေနာဒိုလူ ကို ယူဟီယာဒေသရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ရဲတပ်ဖွဲ့နဲ့ အပြန်အလှန် ပစ်ခတ်မှုအတွင်း သေဆုံးသွားတယ်လို့ ကော့ဇ်ဘဇားရှိ ရဲတဦးက အတည်ပြုပါတယ်။ 

ဒီလိုမျိုး မကြာသေးခင်ကမှ သွားခဲ့တဲ့ အသက် ၂၆ နှစ် အရွယ် ARSA ခေါင်းဆောင် အဘဒူမိုနပ်ဖ် ကို လူသတ်မှု ၄ မှု အပါအဝင် အမှုပေါင်းများစွာနဲ့ စွဲချက်တင်ထားတယ်လို့  လည်း ဆိုပါတယ်။

အဲ့ဒီဒုက္ခသည်စခန်းမှာပဲ ပြီးခဲ့တဲ့ တနင်္လာနေ့အတွင်း ရိုဟင်ဂျာ ၃ ဦးပစ်သတ်ခံရကာ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။ 

ARSA နဲ့ အတူ ရိုဟင်ဂျာစည်းလုံးရေးအဖွဲ့အစည်း (RSO) အဖွဲ့ကလည်း မြန်မာနိုင်ငံရဲ့ အနောက်ပိုင်း ရခိုင်ပြည်နယ်မှာ လှုပ်ရှားနေပါတယ်။

ကော့ဇ်ဘဇားမှာရှိတဲ့ ရိုဟင်ဂျာတွေကိုတော့ အကြမ်းဖက်မှုတွေ မကျူးလွန်အောင် အကျဉ်းချထားရတာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောသွားပါတယ်။

Source-Reuters

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013