ဥရောပကို ဝင်ရောက်လာတဲ့ ကိုကင်းတွေရဲ့ ထက်ဝက်လောက်ကို မှောင်ခိုလုပ်နေတယ်လို့ သံသယရှိတဲ့ နာမည်ကျော် ဘော်လ်ကန်ဂိုဏ်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတဲ့ ကွန်ရက်ကို ကြီးကြီးမားမား ထိုးနှက်လိုက်ပြီလို့ စပိန်ရဲတပ်ဖွဲ့က ဇွန် ၁၃ ရက် ကြေညာထုတ်ပြန်ခဲ့ပါတယ်။
ဥရောပရဲတပ်ဖွဲ့ ယူရိုပိုလ်ရဲ့ ပံ့ပိုးကူညီမှုနဲ့ နိုင်ငံတကာ စစ်ဆင်ရေးဟာ နိုင်ငံအသီးသီးမှာ ဖမ်းဆီးမှုပေါင်း ၄၀ လုပ်ဆောင်ခဲ့ပြီး ကိုကင်း ၈ တန် သိမ်းဆည်းရမိခဲ့ပါတယ်။
စပိန်ရဲတပ်ဖွဲ့ဟာ ဥရောပနိုင်ငံအသီးသီးမှ ငွေသား ယူရို ၁၂ သန်းခွဲကို ကြားဖြတ်ဖမ်းဆီးခဲ့ပြီး ဘရာဇီးမှာ ဒေါ်လာသုံးသန်းနဲ့ ဆားဘီးယားမှာ ခဝါချထားတဲ့ ယူရိုသန်း ၅၀ ကျော်တို့ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။
ဒီစစ်ဆင်ရေးကို ဒူဘိုင်းနဲ့ တူရကီတို့ကနေ ယာယီ ညွှန်ကြားခဲ့ပြီး တောင်အမေရိကမှ ဥရောပကို ကိုကင်း လွှဲပြောင်းရေး ညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ စပိန်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Source-Reuters
Photo-Reuters