မြောက်ကိုရီးယားကို ရုရှားသမ္မတ ပူတင် မလာခင် တောင်ကိုရီးယားနဲ့ အမေရိကန် နိုင်ငံတို့က ၂ နိုင်ငံ သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံ တာဝန်ရှိသူတွေနဲ့ အမေရိကန်တို့ဟာ ပူတင် မြောက်ကိုရီးယားကို မလာခင် အရေးပေါ်ဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော် ပြောဆိုထားပါတယ်။
တောင်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကမ့်ဘဲလ်တို့ဟာ ဖုန်းပြောခဲ့ပြီး ရုရှားနဲ့ မြောက်ကိုရီးယားတို့အကြောင်း ဆွေးနွေးခဲ့တာဖြစ်ပါတယ်။
“သူတို့ ၂ နိုင်ငံ ပူးပေါင်းမှုကို အနီးကပ်စောင့်ကြည့်မှုတွေ ပြုလုပ်နေစဥ်မှာပဲ သူတို့ ၂ နိုင်ငံက လေကြောင်းပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒါဟာ တောင်နဲ့ မြောက် တင်းမာမှုကို ပိုပြီး တိုးပွားစေတဲ့ ရန်စမှုတခုပဲ ဖြစ်ပါတယ်” လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ရုရှားအခြေစိုက်သတင်းစာက ပူတင်ဟာ မြောက်ကိုရီးယားနဲ့ ဗီယက်နမ်ကို လာမယ့် ရက်သတ္တပတ်တွေမှာ အလည်သွားမယ်လို့ ဖော်ပြထားပါတယ်။
ပြုံယမ်းလေဆိပ်မှာလည်း ပူတင်ကို စစ်အခမ်းအနားနဲ့ကြိုဆိုဖို့ ပြည်တွင်းလေယာဥ်တွေကို ရှင်းလင်းထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ ပြီးခဲ့တဲ့နှစ်က မြောက်ကိုရီးယားကို လာခဲ့ဖူးပြီး အဲဒီအချိန်ကတည်းက အမေရိကန်နဲ့ တောင်ကိုရီးယားတို့က သူတို့ ၂ နိုင်ငံ လှုပ်ရှားမှုတွေကို စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။
ရုရှားက မြောက်ကိုရီးယားကို နျူးကလီးယားလက်နက် ဒါမှမဟုတ် ဒုံးလက်နက်တွေ ထုတ်လုပ်ဖို့ ငွေကြေးထောက်ပံ့တာလား၊ စွမ်းအင်တွေပေးတာလား မသိပေမဲ့ သူတို့ ၂ နိုင်ငံရဲ့ လှုပ်ရှားမှုတွေကို သတိထားစောင့်ကြည့်ရမှာဖြစ်ကြောင်း အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။
Source-Reuters