Home
နိုင်ငံတကာ
ကမ္ဘာတဝန်း ရွှေ့ပြောင်းနေထိုင်သူဦးရေ သန်း ၁၂၀ အထိရှိလာ
DVB
·
June 14, 2024
Photo-Reuters

ကမ္ဘာတဝန်းနေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ရွှေ့ပြောင်းနေထိုင်သူ ဦးရေဟာ ၁၀ နှစ်အတွင်း ၂ ဆတိုးခဲ့ပြီး သန်း ၁၂၀ အထိ ရှိလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်မှု၊ နှိပ်စက်မှု၊ ပဋိပက္ခဖြစ်ပွားမှုတို့ကြောင့် ကမ္ဘာတဝန်း လူ ၆၉ ဦးအနက် တဦးဟာ နေရပ်ကိုစွန့်ခွာပြီး ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ရတာ ဖြစ်ပါတယ်။

UNHCR ရဲ့ ထုတ်ပြန်ချက်အရ အနည်းဆုံး လူ ၁၁၇ ဒသမ ၃ သန်းဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် အစောပိုင်း ၄ လမှာ ဒီလို လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကြောင့် ဒုက္ခသည်တွေ ပိုတိုးလာပြီး ဧပြီလမှာ သန်း ၁၂၀ ကျော်လာတာ ဖြစ်ပါတယ်။

အစ္စရေး-ဂါဇာ စစ်ပွဲကြောင့် နိုင်ငံရဲ့ လူ ၇၅ ရာခိုင်နှုန်း ၁ ဒသမ ၇ သန်းဟာ နေရပ်စွန့်ပြေးရတဲ့ ဒုက္ခသည်တွေ ဖြစ်လာပါတယ်။

ဆူဒန်၊ ယူကရိန်းနဲ့ အခြားဒေသတွေမှာလည်း နေရပ်စွန့်ပြေးရတဲ့သူတွေရှိလို့ ၂၀၂၃ ခုနှစ်ကထက် ၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။​

တခြားနိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံတဲ့သူ ၆ ဒသမ ၉ သန်းအထိရှိပြီး အရင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့တာဖြစ်ပါတယ်။

တကမ္ဘာလုံးကို ကြည့်မယ်ဆိုရင်  အီရန်မှာ ၃ ဒသမ ၈ သန်း၊ တူရကီမှာ ၃ ဒသမ ၃ သန်း၊ ကိုလံဘီယာမှာ ၂ ဒသမ ၉ သန်း၊ ဂျာမနီမှာ ၂ ဒသမ ၆ သန်း၊ ပါကစ္စတန်မှာ ၂ သန်းအထိ ဒုက္ခသည်ဦးရေ တိုးတက်လာတာဖြစ်ပါတယ်။

ဂျာမနီိနိုင်ငံကတော့ ရွှေ့ပြောင်းဒုက္ခသည်တွေ ခိုလုံမှုအများဆုံးဖြစ်ပြီး ယူကရိန်း၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ အီရန်နိုင်ငံတို့က အဓိက ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013