Home
မြန်မာသတင်း
၃ နှစ်အတွင်း ကျန်းမာရေးကဏ္ဍအတွက် ကျပ်ငွေ ၁၅ ဘီလီယံကျော် အသုံးပြုခဲ့ဟု NUG ထုတ်ပြန်
DVB
·
June 14, 2024

စစ်အာဏာသိမ်း ၃ နှစ်ကျော် ကာလတွေအတွင်း ကျန်းမာရေးကဏ္ဍအတွက် ကျပ်ငွေ ၁၅ ဘီလီယံကျော် အသုံးပြုခဲ့တယ်လို့  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ် ပြန်ပါတယ်။

NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ၃ နှစ်တာအတွင်း ဆောင်ရွက်ချက်အစီရင်ခံစာ မှာ ခုလိုဖော်ပြလိုက်တာဖြစ်ပါတယ်။

အဲဒီထဲမှာတော့ တခြားနိုင်ငံတကာအထောက်အပံ့တွေကို တွက်ချက်ထားခြင်းမရှိဘဲ ဆေးနဲ့ ဆေးပစ္စည်းတွေ ဝယ်ယူဖြန့်ဖြူးတာ၊ ဆေးရုံ ဆေးခန်းတွေ တည်ဆောက်ပြုပြင်တာ၊ မြေပြင်ကျန်းမာရေးဝန်ထမ်းတွေကို ချီးမြှင့်ငွေ ပေးအပ်တာ၊ CDM ကျန်းမာရေးဝန်ထမ်းတွေကို ထောက်ပံ့တာတွေ အပါအဝင် ဒေသအသီးသီးရဲ့ ကျန်းမာရေးလုပ်ငန်းဆောင်တာတွေအတွက် အသုံးပြုခဲ့တာလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ NUG ကျန်းမာရေးဝန်ကြီးဌာနဟာ CDM ဝန်ထမ်းတွေနဲ့ အဓိက လည်ပတ်နေပြီးတော့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ် နေဆဲဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းအရေအတွက် ၄၆,၀၀၀ ကျော် ရှိနေတယ်လို့ အစီရင် ခံစာမှာ ဖော်ပြပါတယ်။

ဝန်ကြီးဌာနနဲ့ လက်တွဲဆောင်ရွက်နေတဲ့ CDM ကျန်းမာရေးဝန်ထမ်းဦးရေ ၄,၉၀၀ နီးပါး ရှိနေပြီးတော့ မြေပြင်ကျန်းမာရေးဝန်ထမ်းတွေအတွက် တဦးကို ကျပ် ၅၀၀၀၀ နှုန်းနဲ့ လစဉ်ချီးမြှင့် ထောက်ပံ့နေတယ်လို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ မြန်မာ့နွေဦးတော်လှန်ရေး ၃ နှစ်ကျော် ကြာမြင့်လာတဲ့တိုင်အောင် အကြမ်းဖက်စစ်အုပ်စုဟာ သူတို့ကို ဆန့်ကျင်တော်လှန်တဲ့ ပြည်သူတွေနဲ့အတူ နိုင်ငံ့ဝန်ထမ်း CDM သူရဲကောင်းတွေကိုပါ ဖိနှိပ်ဖမ်းဆီး သတ်ဖြတ်မှုတွေ ကျူးလွန်နေ သလို စစ်ကောင်စီသတင်းပေး ဒလန်တွေ၊ ပျူစောထီးတွေနဲ့ စစ်အုပ်စုအလိုတော်ရိ Non-CDM တွေရဲ့ သတင်းပေး တိုင်ကြား ဖိနှိပ်တိုက်ခိုက်မှုတွေကိုပါ ခံစားနေကြတာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှု စတင်ချိန်ကတည်းက CDM လှုပ်ရှားမှုတွေမှာ ဦးဆောင်ပါဝင်နေခဲ့ကြတဲ့ ဆေးလောကသားတွေကတော့ ခုချိန်တိုင် ဆက်လက်တိုက်ပွဲဝင်နေသလို ခုချိန်ထိ ကျန်းမာရေးအဆောက်အအုံတွေအနေနဲ့ ဆေးရုံ ၇၇ ခု၊ ဆေးခန်း ၃၇၇ ခုနဲ့ ရွေ့လျား ဆေးခန်း ၂၅၀ ထိ ဆောင်ရွက်နိုင်ခဲ့တယ်လို့ NUG အစိုးရ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အစီရင်ခံစာထဲမှာ ကျန်းမာရေးကဏ္ဍရဲ့ စိန်ခေါ်မှုတွေကိုလည်း ဖော်ပြထားခဲ့ပြီး အာဏာသိမ်း ၃ နှစ်ကျော်ကာလအတွင်း စစ်အုပ်စုရဲ့ အကြမ်းဖက်မှုပေါင်း ၁,၂၉၅ ခုထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာတော့ ဆေးရုံဆေးခန်းထိခိုက်ပျက်စီးမှု ၃၄၁ ခု၊ ကျန်းမာ‌ရေးလုပ်သား သတ် ဖြတ်ခံရမှု ၁၀၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရရှိမှု ၁၃၁ ဦးထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013