ယူရို ၂၀၂၄ ပြိုင်ပွဲမှာ လက်ရှိချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်ကို ကာကွယ်ဖို့ အီတလီကစားသမားတွေကို နည်းပြ စပယ်လက်တီက တိုက်တွန်းသွားပါတယ်။
အီတလီအသင်းဟာ ၂၀၂၀ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်ကို ပင်နယ်တီအဆုံးအဖြတ်မှာအနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တာပါ။
ပြိုင်ပွဲတခုမှာ လက်ရှိချန်ပီယံ အသင်းအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတာက အားသာချက်တခုဖြစ်ကြောင်း၊ ကစားသမားတွေအနေနဲ့ လက်ရှိချန်ပီယံဆိုတဲ့ ဂုဏ်ပုဒ်ကို ကာကွယ်နိုင်ဖို့ လိုအပ်ကြောင်း နည်းပြ စပယ်လက်တီကပြောပါတယ်။
ယူရိုပြိုင်ပွဲက အရေးပါတဲ့ ပြိုင်ပွဲဖြစ်ပြီး ဖြစ်လာနိုင်တဲ့အရာအားလုံးအတွက် ကြိုတင်ပြင်ဆင် ထားနိုင်ဖို့ လိုကြောင်း၊ ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နည်းပြ စပယ်လက်တီက ပြောပါတယ်။
အီတလီအသင်းဟာ ယူရို ၂၀၂၄မှာ စပိန်၊ ခရိုအေးရှား၊ အယ်လ်ဘေးနီးယား အသင်းတွေနဲ့ အုပ်စု B မှာတွေ့ဆုံနေတာဖြစ်ပါတယ်။
Photo- Reuters