Home
မြန်မာသတင်း
တနင်္သာရီတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁ ဦး ဒဏ်ရာရ၊ နေအိမ်များပျက်စီး
DVB
·
June 14, 2024
Photo Crd-CJ
Photo Crd-CJ

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ဇွန် ၁၃ ရက်က စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  အရပ်သားပြည်သူတဦး ဒဏ်ရာရသွားပြီး  နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က မနေ့ညနေ  ၃ နာရီကျော်လောက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိပဲ တကူတိုက်နယ်ထဲက ပြည်အေးရွာ၊ အင်းရှည်ကုန်းရွာ၊ သံတိုက်ရွာနဲ့ ခြာက်အိမ်စုရွာတွေဘက်ကို Mi-2 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ ဗုံးသီး ၁၀ လုံးကျော် လာရောက်ဗုံးသီးကြဲ တိုက်ခိုက်သွားတယ်လို့  ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် ပြည်အေးရွာက အသက် ၂၀ ကျော်အရွယ် မောင်ချမ်းစိုးရဲ့ ခါးမှာဗုံးသီးကျည်စအနည်းငယ်ထိမှန်ဒဏ်ရာရခဲ့ပြီးတော့ ဒေသခံပြည်သူနေအိမ်တလုံး  ထိခိုက်ပျက်စီးခဲ့တယ်လို့ ရွာသားတဦးက ပြောပါတယ်။

“လေကြောင်းက နှစ်ကြိမ်လာကြဲသွားတာပါ။ ရဟတ်ယာဥ်က နှစ်စီးလာတာပါ၊ အိမ်တလုံးနဲ့ မီးသတ်ရုံးနားက ကျောက်တွေ အုတ်ခဲတွေထားတဲ့ အဆောက်အအုံတလုံးလည်း ပျက်စီးသွားတယ်၊ ဘာကြောင့်လာကြဲတယ်ဆိုတာတော့ မသိရဘူး။”

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်မှာ လေကြောင်းအသုံးပြုတိုက်ခိုက်တာကို အခုနှစ် ဇန်နဝါရီ ပထမအပတ်မှာစတင်ပြီးတော့ ဘန်လောရွာတိုက်ပွဲတွေမှာ အသုံးပြုလာတာဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

အဆိုပါနေ့မှာ စစ်ကောင်စီရဲ့ ရဟတ်ယာဥ်တွေ တကူတိုက်နယ်ဘက်ကို ဗုံးကြဲဖို့ပျံသန်းလာချိန် ကျေးရွာတွေရှိ စာသင်ကျောင်းတွေအားလုံး ပိတ်လိုက်ရသလို ရပ်ရွာတွေထဲက ပြည်သူတွေမှာလည်း စိုးရိမ်ထိတ်လန့်ပြီး နေအိမ်တွေအတွင်း ဝင်ရောက်ပုန်းခိုနေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013