ရုရှားစစ်သင်္ဘော ၄ စင်းဟာ ကျူးဘားကို အင်အားပြဖို့ ဆိုက်ရောက်လာပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အနောက်အုပ်စုနဲ့ ဆက်ဆံရေး တင်းမာလာပြီးတဲ့နောက် နျူးကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစင်း အပါအဝင် တခြား စစ်သင်္ဘော ၃ စင်းတို့ စစ်အင်အားပြဖို့ ရောက်လာတာပဲ ဖြစ်ပါတယ်။
ရုရှားစစ်သင်္ဘောတွေဟာ အမေရိကန် ဖလော်ရီဒါပြည်နယ်နဲ့ မိုင် ၉၀ အကွာ ဟာဗားနားပင်လယ်အော်မှာ ရပ်နားထားတာဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးက အက်မီရယ်ဂေါ်ရှ်ကော့ဗ်သင်္ဘောနဲ့ ကာဇန်ရေငုပ် သင်္ဘောတို့မှာ အသံထက်မြန်တဲ့ ဒုံးကြည် အပါအဝင် အဆင့်မြင့်လက်နက်တွေ သယ်ဆောင်လာကြောင်း၊ ဒီလက်နက်တွေကို အတ္တလန္တိတ် သမုဒ္ဒရာထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ကြောင်း ပြောပါတယ်။
ဒါပေမဲ့ ကျူးဘားနိုင်ငံခြားရေးဝန်ကြီးကတော့ သင်္ဘောတွေပေါ်မှာ နျူးကလီးယားလက်နက်တွေ မပါဝင်ကြောင်း၊ ၅ ရက်တာ လည်ပတ်ဖို့ လာရောက်တာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။
ရုရှားဟာ ကျူးဘားကို စစ်သင်္ဘောတွေ စေလွှတ်ခဲ့ဖူးပြီး သူတို့နှစ်နိုင်ငံဟာ ကာလရှည် မဟာမိတ်များအဖြစ် ရပ်တည်ခဲ့တာဖြစ်ပါတယ်။
ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အမေရိကန်က မဆိုင်ဘဲ ဝင်ရှုပ်တယ်လို့ ရုရှားက တွေးထားပြီး အခုလို စစ်သင်္ဘောတွေ စစ်လွှတ်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရေတပ်ကလည်း ရုရှားစစ်သင်္ဘောတွေကို ပင်လယ်ဒရုန်းတွေနဲ့ စောင့်ကြည့်မှု ပြုလုပ်နေပါတယ်။
Source-Reuters