ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်မြစ်အတွင်း ဇွန် ၁၂ ရက် နေ့လယ်ပိုင်းက စက်လှေ တစီး မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပန်းလှိုင်ဂေါက်ကွင်းအနီး ရန်ကုန်မြစ်အတွင်း ထူးထက်အောင် (၅၀၄) စက်လှေ မီးလောင်မှုကို ၄ နာရီကြာ မီးငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။
လှိုင်သာယာမြို့နယ်မှာ နေထိုင်သူ အမျိုးသား တဦးက “နေ့လယ် ၂ နာရီခွဲလောက်က မီး စလောင်တာ။ ကမ်းကပ်ခါနီး လောင်တာ။ ညနေ ၆ နာရီခွဲလောက် မီးငြိမ်းသွားတယ်” လို့ ပြောပါတယ်။
စက်လှေ မီးလောင်မှုကို လှိုင်သာယာမြို့နယ်၊ လှိုင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ မရမ်းကုန်းမြို့နယ်နဲ့ ဘုရင့်နောင်မြို့နယ် မီးသတ်စခန်းတွေက မီးလာရောက် ငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။
ထူးထက်အောင် (၅၀၄) စက်လှေ မီးလောင်မှုနဲ့ ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုနဲ့ လူထိခိုက် ဒဏ်ရာ ရမှုတွေကိုတော့ မြန်မာနိုငိငံမီးသတ်တပ်ဖွဲ့က အသေးစိတ်ထုတ်ပြန်တာ မရှိသေးပါဘူး။