Home
အားကစား
အင်တာမိုင်ယာမီအသင်းက နောက်ဆုံးကစားသည့်အသင်းဖြစ်မည်ဟု မက်ဆီ ပြော
DVB
·
June 13, 2024
Photo -REUTERS

အင်တာမိုင်ယာမီအသင်းက နောက်ဆုံးကစားတဲ့အသင်းဖြစ်လိမ့်မယ်လို့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီက ပြောပါတယ်။

ESPN နဲ့ အင်တာဗျူးတခုမှာ ကစားသမားဘ၀ နောက်ဆုံးကလပ်အသင်းက အင်တာမိုင်ယာမီ အသင်းပဲ ဖြစ်လိမ့်မယ်လို့ မက်ဆီက ပြောခဲ့တာပါ။

ဘောလုံးကစားခြင်းကို ချစ်မြတ်နိုးပြီး ပျော်ရွှင်ကျေနပ်နေဆဲဖြစ်တာကြောင့် ကစားသမားဘဝက နေအနားယူဖို့ အစီအစဉ် မရှိသေးပေမဲ့  လက်ရှိအခြေအနေအရ အင်တာမိုင်ယာမီအသင်းက နောက်ဆုံးကစားတဲ့အသင်းဖြစ် လိမ့်မယ်လို့ မက်ဆီကပြောပါတယ်။

မက်ဆီဟာ ၂၀၂၁ ခုနှစ်က ဘာစီလိုနာကနေ ထွက်ခွါပြီး ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းမှာ ၂ ရာသီကစားခဲ့ပါတယ်။ 

အဲဒီနောက် ၂၀၂၃ ခုနှစ်မှာ  အင်္ဂလန် ကစားသမားဟောင်း ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီ အသင်းဆီပြောင်းရွှေ့ကစားနေတာဖြစ်ပါတယ်။ 

Photo- Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013