Home
နိုင်ငံတကာ
ဖင်လန်နိုင်ငံက NATO အတွက် ပထမဆုံး တပ်ဖြန့်
DVB
·
June 13, 2024
Photo - Reuters

ဖင်လန်နိုင်ငံဟာ ၂၀၂၃ ခုနှစ် ဧပြီလမှာ NATO မဟာမိတ်အဖွဲ့ကို ဝင်ရောက်ခဲ့ပြီးကတည်းက ဇွန် ၁၁ ရက်မှာ NATO အတွက် ပထမဆုံးတပ်ဖြန့်မှု ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ရိုမေးနီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ စစ်အခြေစိုက်စခန်းတခုကို F-18 တိုက်လေယာဉ် ၇ စင်း စေလွှတ်ခဲ့ပြီး အဲဒီစခန်းမှာ ရိုမေးနီးယားနဲ့ ဗြိတိန်ဂျက်တိုက်လေယာဉ်တွေနဲ့အတူ လေကြောင်းကာကွယ်ရေး မစ်ရှင်တွေကို လုပ်ဆောင်မှာဖြစ်ပါတယ်။

နှစ်ပေါင်း ၇၀ ကြာ စစ်ရေးအရ ဘက်မလိုက်မှုကို အဆုံးသတ်လိုက်တဲ့ ဖင်လန်ရဲ့ NATO အဖွဲ့ကို ဝင်ရောက်မှုကြောင့် ရုရှားနဲ့ထိစပ်နေတဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ရဲ့ နယ်နိမိတ်အတိုင်းအတာဟာ အကြမ်းအားဖြင့် ၂ ဆလောက် ပိုရှည်သွားပြီးတော့ ယူကရိန်းမှာ မော်စကိုရဲ့ စစ်ပွဲဖြစ်ပွားနေချိန်အတွင်းမှာ သူ့ရဲ့အရှေ့ဘက်ခြမ်းကို အားကောင်းစေခဲ့ပါတယ်။

ဖင်လန်သံအမတ်ကြီး လီနာ လျူကိုနန်က“NATO အဖွဲ့ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ကျင်းပမယ့် ဝါရှင်တန် ထိပ်သီးအစည်းအဝေးဟာ မဟာမိတ်အဖွဲ့ရဲ့ ၂၅ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ အရေးကြီးတဲ့ မှတ်တိုင်တခုဖြစ်ပြီး စည်းလုံးညီညွတ်မှုနဲ့ မဟာမိတ်တွေရဲ့ အင်အားကို ပြသဖို့ အခွင့်အရေးတခုလည်း ဖြစ်တယ်” လို့ ဘူခါရက်စ်မြို့တော်မှာ ပြောပါတယ်။

ရိုမေးနီးယားနဲ့ ဖင်လန် နှစ်နိုင်ငံစလုံးက သူတို့ရဲ့ ရက်ရောစွာ ပံ့ပိုးကူညီမှုနဲ့ ဥရောပရဲ့ ကောင်းကင်ယံကို အရင်ကထက်ပိုပြီး လုံခြုံအောင် ပြုလုပ်ပေးခဲ့တဲ့ ကတိကဝတ်တွေအတွက် နွေးထွေးစွာနဲ့ ကျေးဇူးတင်ကြောင်း စပိန်နိုင်ငံ တိုရေဟွန်မြို့ရှိ NATO ရဲ့ တောင်ပိုင်း ပူးပေါင်းလေကြောင်းစစ်ဆင်ရေးစင်တာမှ လက်ထောက်တပ်မှူး ဗိုလ်မှူးချုပ် အာဗရမ် ကဇန့်ဇိုဂလူက ပြောပါတယ်။

အလားတူပဲ အရည်အသွေး မြှင့်တင်ထားတဲ့ လေကြောင်းရဲတပ်ဖွဲ့ မစ်ရှင်ကို စိတ်ကူးကနေ အလွန်လိုအပ်တဲ့ လက်တွေ့ဘဝကို ပြောင်းလဲဖို့အတွက် လုပ်ဆောင်ဖို့ လိုအပ်တဲ့ ကျယ်ကျယ်ပြန့်ပြန့် အလုပ်တွေအတွက်လည်း ရိုမေးနီးယားလေတပ်နဲ့ ဖင်လန်လေတပ်တို့ကို ကျေးဇူးတင်ကြောင်းလည်း ပြောသွားပါတယ်။

၂၀၀၄ ခုနှစ်ကတည်းက NATO အဖွဲ့ဝင်နိုင်ငံ ရိုမေးနီးယားဟာ ဖင်လန်နိုင်ငံကို NATO ထဲ ဝင်ရောက်ခွင့်ပြုတဲ့ ပထမဆုံးသော မဟာမိတ်နိုင်ငံတွေထဲမှာ ပါဝင်ခဲ့ပါတယ်။

မော်စကိုဟာ နိုင်ငံတွေကို ပိုင်းခြားထားတဲ့ ဒါညုဘ်မြစ်ကိုဖြတ်ပြီး ယူကရိန်းဆိပ်ကမ်းတွေကို တိုက်ခိုက်ချိန်တုန်းက ရုရှား ဒရုန်းအပိုင်းအစတွေဟာ ယူကရိန်းနိုင်ငံနဲ့ မိုင်ပေါင်း ၄၀၀ နယ်နိမိတ်ထိစပ်နေတဲ့ ရိုမေးနီးယားနိုင်ငံထဲကို အကြိမ်ကြိမ် လွင့်စင်ကျရောက်ခဲ့တာပါ။

ရိုမေးနီးယားဟာ NATO ကျောထောက်နောက်ခံပြု ဒေသဆိုင်ရာ F-16 လေ့ကျင့်ရေးဗဟိုဌာနလည်းဖြစ်ပြီး ယူကရိန်းလေယာဉ်မှူးတွေဟာ နယ်သာလန်င ထောက်ပံ့ပေးတဲ့ F-16 ဂျက်လေယာဉ်တွေ ပျံသန်းနည်းကို မကြာခင်မှာ လေ့လာသင်ယူရတော့မှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013