လိုက်ဇစ်တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချပြီး အသင်းမှာပဲ ဆက်ရှိနေမယ်လို့ သိရပါတယ်။
ဆလိုဗေးနီးယားတိုက်စစ်မှူးကို ခေါ်ယူဖို့ အာဆင်နယ်အပြင် ချဲလ်ဆီးအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပါသေးတယ်။
လက်ရှိအချိန်မှာတော့ လိုက်ဇစ်အသင်းမှာ ခြေစွမ်းပိုမိုတိုးတက်လာမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အသင်းမှာ ဆက်ရှိဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ဆက်စ်ကို ကို ခေါ်ယူဖို့ အဆင်မပြေဖြစ်ခဲတာကြောင့် ပေါ်တူဂီကလပ် စပို့တင်း တိုက်စစ်မှူး ဂရော့ကာ၊ နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်တို့ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးပမ်းမယ်လို့သိပါတယ်။